ဝမ်းနည်းလွန်းလို့ ဘောလုံးသမားဘ၀ကနေ လုံးဝအနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို ဖွင့်ဟခဲ့တဲ့ မာတူဒီရဲ့ရင်နာစရာဖြစ်ရပ်

Posted on - Jan 14 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်ကွင်းလယ်လူမာတူဒီဟာ သူ့အနေနဲ့ လုံးဝမခံမရပ်နိုင် ၀မ်းနည်းလွန်းလို့ ဘောလုံးလောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်ကို ပြန်ပြောင်းပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူမာတူဒီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နွေရာသီမှာ ပြင်သစ်လီဂူးထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မာတူဒီဟာ ဂျူဗင်တပ်မှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသလျက်ရှိနေတာပါ။

ဒါပေမဲ့ အတိတ်မှာတုန်းက မာတူဒီဟာ ဘောလုံးလောကကနေ လုံးဝအနားယူသွားချင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစိလိုနာကို နူးကမ့်မှာ (၆-၁) ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတဲ့အချိန်ပါပဲ။

အဲဒီနှစ်မှာ ပီအက်စ်ဂျီမှာ အိမ်ကွင်းမှာ ဘာစီလိုနာကို (၄-၀) ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပေမယ့် နူးကမ့်မှာ (၆-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတာပါ။ အဲဒီပွဲစဉ်ဟာ ပီအက်စ်ဂျီအသင်းကို လုံးဝရှော့ခ်ရသွားစေခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

မာတူဒီကိုယ်တိုင်လည်း မခံမရပ်နိုင်ဖြစ်လွန်းလို့ ဘောလုံးလောကကနေတောင် အနားယူဖို့ စဉ်းစားမိတဲ့အထိပါပဲ။ "၂၀၁၇ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူဖို့တောင် စဉ်းစားမိပါတယ်။ အကြောင်းကတော့ ဘာစီလိုနာကြောင့်ပါပဲ။ နူးကမ့်မှာ (၆-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တကယ့်ကို မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။

ဘောလုံးကစားတာကနေ ရပ်တန့်ပစ်သင့်ပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ ဒါပေမဲ့ အခုဂျူဗင်တပ်မှာ ပိုကောင်းတဲ့အခြေအနေကို ပိုင်ဆိုင်နေပါပြီ။ အဲဒီဖြစ်ရပ်က အမှတ်တရအနေနဲ့ပဲ ကျန်ခဲ့ပါပြီ"လို့ မာတူဒီက ပြောကြားသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။