မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ အဓိကကွာခြားချက်ကို အရှိအတိုင်း ဒဲ့ဖွင့်ဟလိုက်ပြီဖြစ်တဲ့ တီဗက်ဇ်

Posted on - Jan 14 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီလက်ရွေးစင်စီရော်နယ်ဒိုနဲ့ အာဂျင်တီးနားလက်ရွေးစင်မက်ဆီတို့ရဲ့ လေ့ကျင့်ရေးကွင်းက ထူးခြားချက်၊ ကွာခြားချက်တွေကို သူတို့နှစ်ယောက်စလုံးနဲ့ တွဲကစားခဲ့ဖူးတဲ့ မန်ယူနဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်းတီဗက်ဇ်က ဖွင့်ဟသွားခဲ့တာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ (၂၁) ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့သူတွေပါ။ Ballon d'Or ဆုကို (၅) ကြိမ်စီ ရယူထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဟာ အမြင့်မားဆုံးသော အောင်မြင်မှုတွေကို ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတဲ့မေးခွန်းက ဘောလုံးလောကရဲ့ အဖြေရခက်ဆုံးပုစ္ဆာဖြစ်ပြီး လက်ရှိအချိန်အထိလည်း အားလုံးလက်ခံလောက်တဲ့ အဖြေမျိုးပေးထားနိုင်ခြင်းမရှိသေးပါဘူး။ ပရိသတ်တွေ၊ ကျွမ်းကျင်သူတွေအနေနဲ့ သူတို့အကြိုက်ကို ပြောဆိုနေခြင်းသာဖြစ်ပါတယ်။

သေချာတာကတော့ နှစ်ယောက်စလုံးဟာ အလွန်ထူးခြားပြီး ဘောလုံးလောကမှာလည်း သူ့တို့လိုကစားသမားမျိုး နောက်ထပ်ထွက်ပေါ်လာဖို့ မလွယ်ကူတော့ပါဘူး။ အခုအခါမှာတော့ မက်ဆီနဲ့ စီရော်နယ်ဒို နှစ်ယောက်စလုံးနဲ့ တွဲကစားခဲ့ဖူးတဲ့ တီဗက်ဇ်က သူတို့နှစ်ယောက်ရဲ့ လေ့ကျင့်ကွင်းက ထူးခြားချက်တွေကို ဖွင့်ဟသွားခဲ့တာပါ။

စီရော်နယ်ဒိုက တစ်ချိန်လုံး Gym မှာပဲအချိန်ကုန်နေတတ်တာဗျ။ ကျွန်တော်တို့ မနက်ပိုင်း (၉) နာရီလေ့ကျင့်ခန်းဆင်းရတဲ့အခါမျိုးမှာ (၈) နာရီလောက်ရောက်သွားရင် သူက လေ့ကျင့်ရေးကိုကြိုရောက်နေတယ်။ ကျွန်တော်တို့ (၇) နာရီလောက် ရောက်သွားရင်လည်း သူက ကြိုရောက်နှင့်ပြန်ရော။

ဒါကြောင့် ကျွန်တော့်စိတ်ထဲမှာ 'ဒီကောင့်ကို ဘယ်လိုလှည့်စားရမလဲ'လို့ တေးထားလိုက်တယ်။ တစ်နေ့ကျတော့ လေ့ကျင့်ရေးကွင်းကို ကျွန်တော် (၆) နာရီလောက် ထသွားဖြစ်တယ်။ အဲဒီအခါမှာလည်း စီရော်နယ်ဒိုက ရောက်နေပြန်ရောဗျာ။ စိတ်ချင်မူးတူးပုံစံနဲ့ပေါ့။မက်ဆီအတွက်တော့ ဘောလုံးကန်တာက အေးဆေးပဲ။ သဘာဝအတိုင်းကိုဖြစ်နေတာ။ ဒါက သူ့အတွက် သာမန်အလုပ်တစ်ခုပဲ။ နောက်ပြီး မက်ဆီက လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်ကို ထောင့်ကျအောင်ဘယ်လိုကန်ရမလဲဆိုတာကို အမြဲလေ့ကျင့်နေတတ်တယ်"လို့ တီဗက်ဇ်က ဖွင့်ဟသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။