ဖန်သားရုပ်လေးလို ထိရက်စရာမရှိလောက်အောင်လှနေတဲ့ ချစ်သုဝေ

Posted on - Jan 15 []

Rowena

စာရေးသူ

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပရဟိတလုပ်ငန်းတွေကိုလည်း သယ်ပိုးဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော် ကလေးနှစ်ယောက်မေမေဖြစ်တဲ့ ချစ်သုဝေက စိတ်ထားလေး ကြည်လင်ကောင်းမွန်သူမို့ သူမကိုကြည့်လိုက်ရင် အမြဲတမ်း တက်ကြွလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က Kinohimitsu ရဲ့ Afternoon tea party လေးဖြစ်တဲ့ Collagen Day 2020 ပွဲလေးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေက ပန်းနုရောင်နဲ့ အဖြူရောင်လေးကို ဆင်တူဝတ်ဆင်ထားပြီး လူငယ်လေးတွေ လိုက်လို့မမှီနိုင်အောင်ကို ချစ်စရာကောင်းနေတာကို တွေ့မြင်ရပါတယ်။

ချစ်သုဝေက အိမ်ထောင်ကျပြီး ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ကူးတော့ပဲ သီချင်းတွေ သီဆိုရင်းနဲ့သာ သူမရဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ ဘယ်အချိန်ကြည့်ကြည့် ပရိသတ် ရင်ကို အေးမြစေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Chit Thu Wai's fb
Photo: Zury photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။