မင်းသားကို ခန့်ညားချောမောအောင် ပြင်ဆင်ပေးပြီး ပီတိဖြစ်နေတဲ့ မထက်

Posted on - Jan 15 []

Myint Myat

စာရေးသူ

အနုပညာရှင်​နဲ့ မိတ်​ကပ်​ပညာရှင်​ဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရပ်​တည်​နေကြရတာမို့ များ​သောအားဖြင့်​သူတို့​တွေကို ရင်းရင်းနှီးနှီး​တွေ့ရ​လေ့ရှိပါတယ်​။ မိတ်​ကပ်​ပညာရှင်​မထက်​ကို​တော့ ချစ်​ဖို့​ကောင်းတဲ့ စိတ်​ဓာတ်​လေး​ကြောင့်​အရမ်းကို ခင်​မင်​ရင်းနှီးကြတဲ့ အနုပညာရှင်​တွေ မနည်းပါဘူး။ လတ်​တ​လောမှာ​တော့ မထက်က သူမရဲ့ပင်တိုင် မင်းသားလို့တောင် ပြောလို့ရတဲ့ မင်းသား အောင်ရဲလင်း​ရဲ့ရှုတင်ကိုလိုက်ပြီး ဆံပင်ရော မိတ်ကပ်ပါ သေချာ ပြင်ဆင်ပေးဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မထက်နဲ့အောင်ရဲလင်းတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိလွန်းလှတာမို့ မိသားစုတွေလိုတောင် ဖြစ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဆံပင်ညှပ်ရင် မထက်ဆီမှာပဲ ညှပ်ဖြစ်တယ်ဆိုတဲ့ မင်းသားချောလေး အောင်ရဲလင်းနဲ့ မင်းသားကို ပြင်ဆင်ပေးနေရရင်ကို ပီတိဖြစ်နေတဲ့ မထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ကတော့ "ဒီနေ့ မင်းသားရူတင်လေးပါ... ဆံပင်လည်းညှပ် မိတ်ကပ်လည်းလိမ်းပေးထားတယ် လုံးဝသဘာဝကြကြလေးပေါ့" ဆိုပြီး သူ့ရဲ့ပင်တိုင်မင်းသားဖြစ်တဲ့ အောင်ရဲလင်းကို ဆံပင်ညှပ်၊ မိတ်ကပ်လိမ်းပေးပြီး ကျေနပ်ပီတိဖြစ်နေတဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဘယ်အချိန်ကြည့်ကြည့် ခန့်ညားနေတဲ့ မင်းသားချောလေး အောင်ရဲလင်း...။

အောင်​ရဲလင်းက​တော့ လတ်​တ​လောမှာ အနုပညာလှုပ်ရှားမှု​တွေ ဆက်​တိုက်​ပြုလုပ်​ဖြစ်​နေတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း​ကြော်​ငြာရိုက်​ကွင်းတစ်​ခုမှာ​တွေ့ရတဲ့​အောင်​ရဲလင်းနဲ့ မထက်​ကိုသ​ဘောကျရင်​Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Ma Htet's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။