ယုမော်နဲ့ သက်နှင်းအိမ် လမ်းမပေါ်မှာရန်ဖြစ်တဲ့ ဇာတ်ဝင်ခန်းနောက်ကွယ်က ပုံရိပ်တွေကိုချပြလာတဲ့ ပိုင်ဖြိုးသု

Posted on - Jan 15 []

Rowena

စာရေးသူ

စာရေးဆရာမ ဂျူးရဲ့ လက်ရာကောင်းတစ်ခုဖြစ်တဲ့ "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ဝတ္ထုက စာဖတ်ပရိသတ်တွေ စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခဲ့ရတာ ဖြစ်ပါတယ်။ "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ဝတ္ထုကို ဆရာမဂျူးက ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးခဲ့ရာ ရုပ်ရှင်ချစ်ပရိသတ်တွေကြား ရေပန်းစားနေတာ ဖြစ်ပါတယ်။"မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ရက် တစ်ပတ်အတွင်းမှာတင် ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးကြတာကို တွေ့ရပါတယ်။

"မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါင်းနဲ့ ပိုင်ဖြိုးသုက အဓိကဇာတ်ကောင်ဖြစ်တဲ့ ယုမော်နဲ့ ဒေါက်တာ သက်နှင်းအိမ်အဖြစ် အကောင်းဆုံး သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေက ချီးကျူးခြင်းခံနေရတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်ဖြိုးသုက သူမရဲ့ ပရိသတ်တွေအတွက် "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးမှ ယုမော်နဲ့ သက်နှင်းအိမ်တို့ စကားအချေအတင်များပြီး လမ်းပေါ်မှာ ရန်ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်တွေကို မျှဝေထားပါတယ်။

ထိုဇာတ်ဝင်ခန်းထဲက "ချစ်သူကိုပြုစုယုယတယ်ဆိုတာက ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို ပြုစုသလိုမျိုးမဟုတ်ဘူးမောင်..." ဆိုတဲ့ ဒိုင်ယာလော့ခ်က Trailer မှာကတည်းက ပရိသတ်တွေကြာထဲမှာ တော်တော်လေး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

"မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်ဖြိုးသုနဲ့ ဒေါင်းက သရုပ်ဆောင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေက အကယ်ဒမီရနိုင်တယ်လို့တောင် ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

ယုမော်အဖြစ် သရုပ်ဆောင်နေတဲ့ ဒေါင်းရဲ့ပုံရိပ်

ပိုင်ဖြိုးသုနဲ့ ဒေါင်းကတော့ "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ တော်တော်လေး ကြိုးစားထားခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်ရသေးရင် ဆက်ဆက်သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Rowena
Source: Paing Phyoe Thu's fb
Photo: Ria Bo Vich

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။