ကယန်းဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ မိုးမြင့်သဇင်ရဲ့ပုံရိပ်တွေ

Posted on - Jan 15 []

Myint Myat

စာရေးသူ

အဆီပိုမရှိ ကျစ်​လစ်​ကြံ့ခိုင်​တဲ့ ခန္ဓာကိုယ်​ကောက်​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့​မော်​ဒယ်​၊ သရုပ်​ဆောင်​တစ်​ဦးဖြစ်​တဲ့ မိုးမြင့်​သဇင်​က​တော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်​တွေကိုလုပ်​ရင်း ဘဝကို​ပျော်​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ အမြဲလိုလို သူမရဲ့အလှအပ​တွေ​ပေါ်လွင်​နေတဲ့ အလန်းစားပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေး​လေ့ရှိတဲ့ မိုးမြင့်​သဇင်​က​တော့ လတ်​တ​လောမှာ ကယန်းဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာတင်​ထားတာ​တွေ့ရပါတယ်​။ ကယန်းဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ မိုးမြင့်​သဇင်​ရဲ့ပုံရိပ်​တွေက ထပ်​ခါထပ်​ခါကြည့်​မိချင်​လောက်​အောင်​ ချစ်ဖို့ကောင်းလွန်း​နေတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ ရင်ခုန်သံတွေ လှုပ်နိုးသွား​စေနိုင်​တဲ့ မိုးမြင့်​သဇင်​ရဲ့ ပုံရိပ်​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

မိုးမြင့်​သဇင်​က​တော့ "ကယန်းမလေး ကို ချစ်လား 🖤🖤🖤" ဆိုပြီး​တော့ သူမရဲ့ ချစ်စရာပုံရိပ်​လေး​တွေကို​ဖေ့စ်​ဘုတ်​မှာ​ဝေမျှ​ပေးထားတာပါ​။ အချီ့ရဲ့ပရိသတ်​တွေက​တော့ သူမကို ဘယ်လိုနေနေ အချစ်ပိုနေတာပါနော်​။

မော်​ဒယ်​တစ်​ဦးအ​နေနဲ့​ရော သရုပ်​ဆောင်​တစ်​ဦးအ​နေနဲ့ပါ ရပ်​တည်​နေတဲ့ မိုးမြင့်​သဇင်​က​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေလည်း ရိုက်​ကူးရင်း အလှပုံ​တွေလည်း ရိုက်​ကူးဖြစ်​နေတယ်​လို့ သိရပါတယ်​။ ချစ်​စရာ​ကောင်းတဲ့ သူမက​တော့ ကဗျာ​လေး​တွေ စာ​လေး​တွေနဲ့ ပရိသတ်​တွေကို ဆက်​နွယ်​လေ့ရှိသူ​လေးပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ မိန်းမပျို​လေး မိုးမြင့်​သဇင်​ကိုချစ်​ရင်​Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Moe Myint Thazin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။