ပရီးမီးယားလိဂ်ထိပ်သီးတစ်သင်းကို သေချာပေါက် ပြောင်းရွှေ့တော့မယ့် ကူလီဘာယီ

Posted on - Jan 15 []

Gunner Ksr

စာရေးသူ

နာပိုလီနောက်ခံလူကူလီဘာယီဟာ ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တစ်သင်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိ ကူလီဘာယီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတော်တော် များများက စိတ်ဝင်စားနေကြတာပါ။ ကူလီဘာယီဟာ နာပိုလီအသင်းကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာခဲ့ပြီး ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့တာပါ။

အခုအခါမှာတော့ ကူလီဘာယီဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၆၄) သန်းနဲ့ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ အီတလီဂျာနယ်လစ် Fabio Santin က ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

ကူလီဘာယီနဲ့ နာပိုလီတို့ရဲ့ အပြောင်းအရွှေ့ဟာ ပြီးမြောက်သွားပြီလို့လည်း သိရပါတယ်။ ကူလီဘာယီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့တယ်လို့ Fabio Santinက ဆိုပါတယ်။

"နာပိုလီဟာ ကူလီဘာယီကို မန်ယူအသင်းထံ ယူရို (၇၅) သန်းလောက်နဲ့ ရောင်းချသွားမှာပါ။ ကြည့်ရတာတော့ အပြောင်းအရွှေ့ဟာ ပြီးသလောက်ဖြစ်နေပါပြီ။ အမှန်တော့ ကူလီဘာယီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မန်ယူကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့တာပါ"လို့ Fabio Santin က TV Show တစ်ခုမှာ ပြောကြားသွားခဲ့တာပါ။

ကူလီဘာယီအနေနဲ့ မန်ယူကို အမှန်တကယ် ပြောင်းရွှေ့သွားမလားဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။