ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး အရွှန်းဖောက်ခဲ့တဲ့ ပီရက်ဇ်ရဲ့စကားကြောင့် အားလုံးပွဲကျသွားခဲ့ရ

Posted on - Jan 15 []

Gunner Ksr

စာရေးသူ

မန်ယူကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူမလားဆိုပြီး အမေးခံလိုက်ရချိန်မှာတော့ ရီးရဲဥက္ကဋ္ဌပီရက်ဇ်က ခပ်ဆန်းဆန်းစကားပြောဆိုကာ အားလုံးကို ပွဲကျစေခဲ့တာပါ။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေါ့ဂ်ဘာဟာ မန်ယူအသင်းကနေ ထွက်ခွာချင်တယ်လို့ လူသိရှင်ကြား ဖွင့်ဟခဲ့ဖူးသူပါ။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဂျပန်ခရီးတစ်ခုမှာ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာကလည်း ပေါ့ဂ်ဘာဟာ မန်ယူကနေ ထွက်ခွာချင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် အနားယူနေရလျက်ရှိနေပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ လာလီဂါထိပ်သီးကလပ် ရီးရဲကို ပြောင်းရွှေ့ဖို့ဆန္ဒပြင်းပြလျက်ရှိနေတာပါ။ ရီးရဲနည်းပြဇီဒန်းကလည်း ပေါ့ဂ်ဘာကို ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက ကြိုးပမ်းခဲ့ပေမယ့် မန်ယူက ရောင်းချလိုခြင်း မရှိတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရဲအနေနဲ့ ဗိုလ်စွဲခဲ့ပြီးနောက် ဥက္ကဋ္ဌပီရက်ဇ်ကို သတင်းထောက်တွေက အင်တာဗျူးခဲ့ကြပါတယ်။ အဲဒီမှာ ပေါ့ဂ်ဘာကို ခေါ်ယူရေးနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို မေးမြန်းခဲ့တာပါပဲ။ ဒီမှာ ပီရက်ဇ်ရဲ့ အဖြေစကားက အားလုံးကို ပွဲကျစေခဲ့တာပါ။ "ပေါ့ဂ်ဘာဆိုတာ ဘယ်သူလဲ။ ကျွန်တော်မသိဘူး"လို့ ပီရက်ဇ်က အထာကျကျ ပြောကြားသွားခဲ့တာပါပဲ။

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။