အနီတောက်တောက် ဖက်ရှင်နဲ့ စွဲမက်ဖွယ်ကောင်းနေတဲ့ အိ​ချောပို

Posted on - Jan 15 []

Myint Myat

စာရေးသူ

လှရက်လွန်းလို့ ပုရိသတွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ ညှို့အားပြင်းတဲ့အလှတရားနဲ့ သူမရဲ့အနုပညာကြောင့် အားပေးတဲ့ ပရိသတ်အခိုင်အမာရနေတဲ့ မင်းသမီးတစ်ဉီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ဝန်းရံမှုကြောင့် ပိုပိုပြီး အောင်မြင်လာတဲ့ အိချောပိုကတော့ လတ်တလောမှာ စွဲမက်ဖွယ် အနီတောက်တောက် ဖက်ရှင်လေးနဲ့ အရမ်းလန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အနီရောင်ဖက်ရှင်လေးနဲ့ အသည်းယားဖွယ်ကောင်းအောင်လှနေတဲ့ အိချောပိုရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေက သဘောကျနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေကို ရင်ခုန်သံမြန်လာစေမယ့် အိချောပိုရဲ့အလန်းစားပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အိချောပိုကတော့ "ကိုယ်လည်းအလှဆုံးပြင်ပေးထားတာပဲလေ အစွမ်းကုန်ချစ်ဖို့ကမင်းတို့အပိုင်းဖြစ်သွားပြီ...❤️" ဆိုပြီး သူမရဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှ ပေါ်လွင်နေတဲ့ အနီရောင်ကိုယ်ကြပ်အကျီင်္လေးနဲ့ အရမ်းလှနေတဲ့ စူစူ...။

မင်းသမီးချောလေး အိချောပိုကတော့ လတ်တလောမှာ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ကူးဖြစ်နေပြီး၊ Event ပွဲတွေလည်း တောက်လျှောက် တက်ဖြစ်နေတာပါ။ သရုပ်ဆောင်ကောင်းလွန်းတဲ့ အိချောပိုကိုတော့ သူမရဲ့ပရိသတ်တွေက အကယ်ဒမီ ရစေချင်နေကြပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ အိချောပိုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo;Myo Aung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။