ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခိုင်​နှင်း​ဝေ

Posted on - Jan 15 []

Myint Myat

စာရေးသူ

လိုအပ်​တဲ့​နေရာ​တွေမှာ အ​ရှေ့ဆုံးက​နေ ရပ်​တည်​ကူညီပြီး အများ​ကောင်းကျိုးကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ ခိုင်နှင်းဝေကတော့ မွန်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားသူတစ်ဉီးပါ။ လတ်တလောမှာတော့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာ အနာဂါတ်ရဲ့ရင်သွေးငယ်လေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရဟိတဝါသနာပါပြီး ကလေးချစ်တတ်တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ အမျိုးသမီးပါပဲနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခိုင်​နှင်း​ဝေရဲ့အ​ကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ခိုင်​နှင်း​ဝေက​တော့ " ကလေးတွေကြားထဲဆို ပျော်နေတတ်တဲ့ကျမ.. ကလေးတွေကချစ်သော ကလေးများကိုချစ်သောကျမ.. မြို့နဲ့ဝေးတဲ့ကျောင်း ဖြစ်ပေမဲ့ လိမ္မာယဉ်ကျေး ပြီး လူတော်လူကောင်းလေးတြွေဖစ်ကြသော..ပညာသင်တဲ့အပြင် ဘာသာရေးမှာ ပါထူးချွန်ကြတဲ့ အ.ထ.က (၄) နေပြည်တော် ကျောင်းမှ ပရိတ်ကြီး ၁၁ သုတ် ပထမဆုရတဲ့ကလေးများကို ပရဟိတစိတ်တွေနိုးကြားအောင် ပို၍ တော်သော ကလေးများ ဖြစ်အောင် အားပေးစကားတွေနဲ့ စကားတွေအများကြီးပြောခဲ့ပါတယ်ရှင်.. " ဆိုပြီး ချစ်စရာကောင်းတဲ့ ကလေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်​ယက်​မှာ ဝေမျှပေးထားတာပါ။

အမြဲအေးချမ်းနေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း မွန်​မြတ်​တဲ့​မေတ္တာတရား​တွေနဲ့ ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း"ကို တည်​ထောင်​ထားတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေ​လည်း​ ဘယ်အချိန်ကြည့်ကြည့် ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ ခိုင်​နှင်း​ဝေလေးကိုချစ်ရင်​Share သွားခဲ့ကြပါဦး​နော်​။

Myint Myat
Source:Khine Hnin Wai's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။