Nepal နိုင်ငံရဲ့ Tourism Goodwill Ambassador အဖြစ် ခန့်အပ်ခံရတဲ့ ယွန်းယွန်း
Rowena
စာရေးသူ
ငယ်စဉ်ကတည်းက ပရိသတ်တွေ အားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အခုဆိုရင် အလှသွေးကြွယ်တဲ့ အပျိုဖြန်းလေး ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးက လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာမေဂျာကို သင်ယူနေတဲ့ နောက်ဆုံးနှစ်ကျောင်းသူကြီးအဖြစ် ပညာသင်ယူနေတာ ဖြစ်ပါတယ်။ ယွန်းယွန်းက ကျောင်းတစ်ဖက်နဲ့မို့ အနုပညာလုပ်ငန်းတွေ အရင်ကလောက် မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးနေကြဆဲပါ။

ယွန်းယွန်းက အသက် (၂၀) အရွယ်သာရှိသေးပေမယ့် ပညာရေးမှာထူးချွန်ပြီး မိဘတွေ ဂုဏ်ယူရတဲ့ သမီးအလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။ အဲ့လို ဗိုင်းကောင်းကျောက်ဖိလေးနေတတ်တာကြောင့် ယွန်းယွန်းကို ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။

ထူးချွန်ထက်မြက်တဲ့ မိန်းကလေး ယွန်းယွန်းက ဒီတစ်ခေါက်မှာလည်း Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက် ဂုဏ်ထူးဆောင် ဆုတစ်ခုကို ရရှိခဲ့ကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

"Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက် Tourism Goodwill Ambassador အဖြစ်ခန့်အပ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်ရှင့် " ဆိုပြီး မျှဝေထားတာပဲ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ပရိသတ်တွေနဲ့ မိဘတွေ အမြဲဂုဏ်ယူနေရသူလေးတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Yoon Yoon's fb
Photo: Ko Bhone
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။