ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်လို ပွဲတက်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ချစ်စရာပုံရိပ်တွေ

Posted on - Jan 15 []

Myint Myat

စာရေးသူ

အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူလေးပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ချစ်စရာအကောင်းဆုံးဖက်ရှင်လေးနဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို လှချင်တိုင်းလှနေတဲ့ သူမရဲ့ချစ်စရာပွဲတက်ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ တင်​လိုက်​တာ​တွေ့ရပါတယ်​။ ချစ်​စရာ​ကောင်းတဲ့ အသွင်​လေးနဲ့ အရမ်းလိုက်​ဖက်​လွန်းတဲ့ နုပျိုလွန်းသူကြီး ​ရွှေကစ်​ရဲ့ပုံရိပ်​တွေက​တော့ အရမ်းကို​ လှရက်လွန်းနေတာပါနော်​။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် မကြာခင် ရုံတင်ပြသတော့မယ့် "မြက်နု" ရုပ်ရှင်ဇာတ်ကားကြီးရဲ့Press Show မှာ မြင်ရသူတွေကို ငေးမောမိသွားစေလောက်အောင် ချစ်စရာအကောင်းဆုံး ပွဲတက်ခဲ့တဲ့​ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ဒါရိုက်တာ ပွင့်သိဂီင်္ဇော် ရိုက်ကူးပုံဖော်ထားတဲ့ "မြက်နု " ရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင်တွေအနေနဲ့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။




တကယ့် ဆယ်ကျော်သက် ကောင်မလေးလိုပဲ ရွှေကစ်ရယ်...။

အဆိုပါပွဲလေးကိုတော့ ချစ်စရာ မင်းသမီးပေါက်စလေး မေတိုးခိုင်လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ ရုပ်ရှင်တွေရော၊ ကြော်ငြာတွေပါ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ရွှေကစ်လေးရဲ့ အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သုံးဆယ်ကျော်လို့ မထင်ရလောက်အောင် ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလတ်ဆတ်နေတဲ့ ရွှေကစ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;မြက်နု ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။