နှင်းဆီဖြူလေးတစ်ပွင့်လို ကြွကြွရွရွလေး လှသွေးကြွယ်နေတဲ့ ဝတ်မှုံရွှေရည်

Posted on - Jan 15 []

Rowena

စာရေးသူ

ပရိသတ်တွေ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ အားပေးလာရတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အသက် သုံးဆယ်ကျော်တာတောင် အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေဆဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီး (၂) ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး အခုလာမယ့် (၂၀၁၉) ခုနှစ်အတွက်လည်း အကယ်ဒမီဆုကြီးကို ရရှိနိုင်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လာမယ့် (၂၀၂၀) ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို သေသေချာချာ ရွေးချယ်စိစစ်ပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

ဝတ်မှုံရွှေရည်က မနေ့က ဇန်နဝါရီလ (၁၄) ရက်နေ့မှာတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်တဲ့ "အိပ်မက်.. မြစ်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ထိုကန်တော့ပွဲအခမ်းအနားကို အဖြူရောင်ဝမ်းဆက်လေးကို ဝတ်ဆင်လာတာဖြစ်ပြီး အားလုံးကြားမှာ ထင်ထင်ရှားရှားကြီး လှနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်က ထိုကန်တော့ပွဲလေးနဲ့ ပက်သတ်ပြီး "မနေ့က 2020 အတွက်ကစ်ရဲ့ ပထမဆုံးရုပ်ရှင်ကား ကြီးဖြစ်တဲ့ အိမ်မက်မြစ် ကားကြီးအတွက် ကန်တော့ပွဲပေးပွဲနှင့် စာနယ်ဇင်းပွဲလေးကျင်းပခဲ့ပါတယ်။"

"အိမ်မက်မြစ် ရုပ်ရှင်ကားကြီးမှာ ဇာတ်အသစ် မင်းသားအသစ် ဇာတ်ရုပ်အသစ်တွေနဲ့ ဘယ်လို ဖန်တီးအသက်သွင်းကြမလည်းဆိုတာ စောင့်ကြည့်ပေးနော် 😘😘😘" ဆိုပြီး မျှဝေထားပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားတိုင်းကို သေသေချာချာလေး စိတ်နှစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် ဒီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်မှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဒီဇာတ်ကားကြီး ရုံတင်ရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Wutt Hmone Shwe Yi's fb
Photo: Li john

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။