(၁) နှစ်ခွဲတည်းနဲ့ စီးရီးအေမှာ အံ့ဖွယ်မှတ်တမ်းကြီးတစ်ခုကို ရေးထိုးနိုင်လိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒို

Posted on - Jan 16 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကတော့ (၁)နှစ်ခွဲအတွင်းမှာပဲ စီးရီးအေမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့မှတ်တမ်းတစ်ခုကို ရေးထိုးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်စီရော်နယ်ဒိုဟာ ၂၀၁၈ နွေရာသီအပြောင်းအရွှေ့မှာ လာလီဂါထိပ်သီးကလပ်ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ မက်ဒရစ်ဟာ တစ်သားတည်းဖြစ်နေခဲ့ပြီး စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်မှာပဲ ကစားသမားအဆုံးသတ်လိမ့်မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ နိုင်လိုစိတ်ပြင်းပြတဲ့စီရော်နယ်ဒိုဟာ အသက် (၃၃) နှစ်အထိ ရှိလာပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ လက်မတွန့်ခဲ့ပါဘူး။

ဒါကြောင့် စီရော်နယ်ဒိုဟာ နောက်ဆုံးမှာတော့ စီးရီးအေကလပ်ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာလည်း ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ပြသနေဆဲလို့ ဆိုရမှာပါ။ ဂျူဗင်တပ်အသင်းကို ရောက်ရှိတာ (၁) နှစ်ခွဲအတွင်းမှာပဲ စီရော်နယ်ဒိုဟာ အံ့ဖွယ်စံချိန်တစ်ခုကို ရေးထိုးလိုက်ပြန်ပါပြီ။

အဲဒါကတော့ စီရော်နယ်ဒိုဟာ တစ်နှစ်ခွဲအတွင်းမှာပဲ စီးရီးအေမှာ ပြိုင်ဘက်အားလုံးကို ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ စီရော်နယ်ဒိုဟာ လက်ရှိ ၂၀၂၀ ခုနှစ်အတွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ခဲ့တာ တွေ့ရပါတယ်။ (၆) ကြိမ်မြောက် Ballon d'Or ဆုအတွက် စီရော်နယ်ဒို ပြန်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။