ဘာစီလိုနာကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ပြတ်သားစွာ ဒဲ့ပြောသွားတဲ့ ဇာဗီ

Posted on - Jan 17 []

Gunner Ksr

စာရေးသူ

စပိန်ဂန္ထ၀င်ကစားသမားဟောင်းဇာဗီက သူ့အနေနဲ့ အသင်းဟောင်းဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဗယ်လ်ဗာဒီကို ထုတ်ပယ်ပြီး ဘက်တစ်နည်းပြဟောင်းဆက်တီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

တကယ်တော့ ဘာစီလိုနာဟာ ဂန္ထ၀င်ကစားသမားဟောင်းဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့တာပါ။ ဘာစီလိုနာဟာ ဇာဗီကို တရားဝင်ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဇာဗီက ငြင်းဆန်သွားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြရာထူးကို တာဝန်ယူဖို့ အချိန်စောလွန်းသေးကြောင်း၊ ဒါပေမဲ့ ဘာစီလိုနာကိုနည်းပြအဖြစ် ကိုင်တွယ်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း ဇာဗီက ပြောဆိုသွားခဲ့တာပါ။ "ဟုတ်ပါတယ်။ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်လက်မခံခဲ့ဘူး။ ဘာစီလိုနာနည်းပြလုပ်ဖို့က စောလွန်းပါသေးတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာစီလိုနာကို ကိုင်တွယ်သွားဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ ဒီဖြစ်ရပ်ကို အရင်ဆုံး ကျွန်တော့်မိသားစုကို ပြောပြတယ်။ နောက်ပြီး အယ်ဆက်ကစားသမားတွေကို ပြောပြတယ်။ ဒီရက်တွေအတွင်းမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို မရခဲ့ဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အယ်ဆက်အသင်းကို အပြည့်အ၀အာရုံစိုက်နိုင် ပါပြီ"လို့ ဇာဗီက ပြောကြားသွားခဲ့တာပါ။

အသက် (၃၉) နှစ်အရွယ်ရှိ ဇာဗီဟာ လက်ရှိအချိန်မှာ ကာတာကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်ဆက်ကို ကိုင်တွယ်လျက်ရှိနေပါတယ်။ ဇာဗီဟာ ဘာစီလိုနာနဲ့ အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။