(၁) မိနစ်တောင်မကစားလိုက်ရဘဲ ပြန်ထွက်သွားခဲ့ရပြီဖြစ်တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၁၀၀) တန် ကစားသမား

Posted on - Jan 17 []

Gunner Ksr

စာရေးသူ

စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၁၀၀) ရှိတဲ့ ဘာစီလိုနာကစားမားတစ်ယောက်ဟာ (၆) တစ်မိနစ်တောင် မကစားခဲ့ရဘဲ အသင်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ရပြီဆိုရင် ခင်ဗျား ယုံနိုင်မလား။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာ(ဘီ)အတွက် အသက် (၂) နှစ်အရွယ် လူငယ်ကစားသမားဘင်နန်ကို ဘရီဒါအသင်းကနေ ခေါ်ယူခဲ့တာပါ။

ဘင်နန်ဆိုတာက တခြားသူမဟုတ်ဘဲ ဘာစီလိုနာကွင်းလယ်လူဒီဂျောင်ရဲ့ အေးဂျင့်ဖြစ်သူ အယ်လီဒေါ်ဆန်ရဲ့သားပဲ ဖြစ်ပါတယ်။ ဘင်နန်ဟာ ဒီဂျောင်နဲ့အတူ ၀ီလီယံ II အသင်းမှာ အတူတွဲကစားခဲ့ပါသေးတယ်။

ဘာစီလိုနာဟာ ဘင်နန်ကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ခေါ်ယူခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း (၁၀၀) အထိ ရှိခဲ့တာပါ။ ဒါပေမဲ့ ဘင်နန်ဟာ ဘာစီလိုနာနဲ့ (၆) လကြာ ဖြတ်သန်းတစ်ပွဲမှ ၀င်မကစားခဲ့ရတဲ့အဆုံး အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါပြီ။

ဘင်နန်ဟာ ဘာစီလိုနာ(ဘီ)အသင်းနဲ့အတူ ပြိုင်ပွဲစုံ (၈) ပွဲအထိ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် (၁) မိနစ်တောင် ၀င်ရောက်မကစားခဲ့ရပါဘူး။ ဒါကြောင့် နောက်ဆုံးမှာတော့ ဘင်နန်ဟာ ဘာစီလိုနာကနေ ထွက်ခွာပြီး တူရလီကလပ်Genclerbirligi ကို ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဘင်နန်အတွက်တော့ နူးကမ့်ရက်စွဲတွေဟာ မှောင်မိုက်ခဲ့ပြီး ကြမ်းရှရှနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘင်နန်ဟာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ပြည့်နှက်နေရာ နူးကမ့်ရဲ့အဝေးကနေ ပြေးထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အနာဂတ်လမ်းတွေ သာယာပါစေ ဘင်နန်။ ဘယ်သူသိနိုင်မလဲ။ ဘင်နန်ဟာ တစ်ချိန်မှာ နူးကမ့်ကို အိမ်ရှေ့စံလို ပြန်ရောက်လာလိမ့်မယ်လို့။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။