မက်ဆီ ကသူ့ထက် Ballon d'Or ဆုပိုရခြင်းအပေါ် စီရော်နယ်ဒိုရဲ့ ခံစားချက်ကို ပြောပြခဲ့တဲ့ ဆာရီ

Posted on - Jan 17 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်နည်းပြဆာရီက စီရော်နယ်ဒိုအနေနဲ့ မက်ဆီက သူ့ထက် Ballon d'Or ဆု အရေအတွက် သာလွန်သွားတဲ့အခါ ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို မကွယ်မ၀ှက်ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဆိုတာ (၂၁) ရာစု ဘောလုံးကမ္ဘာရဲ့ အလင်းလက်ဆုံးကြယ်ပွင့်တွေ။ သူတို့လို ကစားသမားတွေကို ဘောလုံးကမ္ဘာထဲ နောက်ဘယ်တော့မှ မြင်တွေ့ရနိုင်မယ် မသိပါဘူး။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တွန်းအားပေးရင် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိအောင် တက်လှမ်းလာခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မက်ဆီက စီရော်နယ်ဒိုထက် နှာတစ်ဖျားသာပြီး Ballon d'Or ဆုကို (၆) ကြိမ်မြောက်အဖြစ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒါဟာ နိုင်လိုစိတ်ပြင်းပြလွန်းသူ စီရော်နယ်ဒိုအတွက် တော်တော်လေး နာကျည်းခါးသီးစရာကိစ္စပါပဲ။ ဂျူဗင်တပ်နည်းပြဖြစ်သူဆာရီကိုယ်တိုင်ကလည်း မက်ဆီတစ်ယောက် Ballon d'Or ဆု (၆) ကြိမ်မြောက် ရသွားတာဟာ စီရော်နယ်ဒိုကို တော်တော်လေး မခံချိမခံသာဖြစ်စေခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

"မက်ဆီက သူ့ထက် Ballon d'Or ဆု ပိုရသွားတာ စီရော်နယ်ဒိုကို စိတ်ဒုက္ခပေးခဲ့ပါတယ်။ သူ့ကို (၆) ကြိမ်မြောက် Balllon d'Or ဆု ရရှိအောင် ကျွန်တော် ကူညီပေးသွားမှာပါ။ စီရော်နယ်ဒိုဟာ နှစ်ယောက်မရှိနိုင်တဲ့ အံ့ဖွယ်ကစားသမားမျိုးဖြစ်ပါတယ်"လို့ ဆာရီက ပြောဆိုသွားခဲ့တာပါ။

စီရော်နယ်ဒိုကိုယ်တိုင်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ လာခြင်းကောင်းခဲ့ပြီး ပုံစံကောင်းတွေ ပြသလျက်ရှိနေပါတယ်။ ဒါကြောင့် နိုင်လိုစိတ်ပြင်းပြတဲ့ စီရော်နယ်ဒိုအနေနဲ့ (၆) ကြိမ်မြောက် Ballon d'Or ဆုကို ရယူသွားနိုင်မလား။

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။