အိပ်ယာနိုးခါစမျက်နှာလေးနဲ့တောင် ကြည်လင်တောက်ပပြီးအလှဆုံးဖြစ်နေတဲ့ သင်ဇာဝင့်ကျော်

Posted on - Jan 17 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အတောက်ပဆုံး ကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အောင်မြင်မှုတွေ တဖွဲဖွဲရရှိခဲ့ပြီး အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

သင်ဇာဝင့်ကျော်က အခုဆိုရင် (၃၂) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့ ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိတဲ့ လှပခြင်းတွေကတော့ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့ အိပ်ယာထခါစ ကြည်ကြည်လင်လင်နဲ့လှနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အခြားသော ကြော်ငြာတွေ၊ ပွဲတက်တွေနဲ့ လက်ခံ ရိုက်ကူးနေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော် ခေါင်းဆောင်ပြီး သရုပ်ဆောင်ထားတဲ့ "မြမြ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က အသက်တစ်ရက်ကြီးလေ ပိုပိုပြီး လှနေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thin Zar Wint Kyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။