တေးသီချင်းမူပိုင်ခွင့်ကြောင့် မူပိုင်ခွင့်ရှိသူများအား သိန်း၅၀ကျော် ပေးဆောင်လိုက်ရတဲ့ ဖြိုးမြတ်အောင်

Posted on - Jan 17 []

Moe Kalay

စာရေးသူ

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ကတေးသီချင်းမူပိုင်ခွင့်ကြောင့် မူပိုင်ခွင့်ရှိသူများအား သိန်းငါးဆယ်ကျော် ပေးဆောင်လိုက်ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album ကလည်းပရိသတ်တွေအရမ်းကို အားပေးခဲ့ကြတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က တေးသီချင်းမူပိုင်ခွင့်ကြောင့် မူပိုင်ခွင့်ရှိသူများအား သိန်းငါးဆယ်ကျော် ပေးဆောင်လိုက်ရတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး ဒုဥက္ကဋ္ဌ ဦးစိုးမိုးမှ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဂီတအစည်းအရုံး ဒုဥက္ကဋ္ဌ ဦးစိုးမိုး မှ" မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းနှင့်တေးသံရှင်ဖြိုးမြတ်အောင်တို့ အကြားဖြစ်ပေါ်ခဲ့သည့်ကိစ္စများညှိနှိုင်းဖြေရှင်းပြီးကြောင်း" ဆိုပြီးပြောထားပါတယ်။

တေးသီချင်းမူပိုင်ခွင့်ကြောင့် မူပိုင်ခွင့်ရှိသူများအား သိန်း၅၀ကျော် ပေးဆောင်လိုက်ရတဲ့ ဖြိုးမြတ်အောင် ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;မြန်မာနိုင်ငံဂီတအစည်းအရုံး ဒုဥက္ကဋ္ဌ ဦးစိုးမိုး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။