စပွန်ဆာနဲ့ ဟိုတယ်ပေါ်မှာ ရိုက်ထားတယ်ဆိုတဲ့ သတင်းအကြောင်းကို ပြောပြလာတဲ့ ပတ်ထရစ်ရှာ

Posted on - Jan 17 []

Rowena

စာရေးသူ

မင်းသမီးချောလေး ပတ်ထရစ်ရှာက ချစ်စရာကောင်းပြီး နိုင်ငံခြားသူလေးတစ်ယောက်လို စတိုင်လ်ကျ လှပလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပတ်ထရစ်ရှာရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

အောင်မြင်လာတာနဲ့အမျှ မနာလိုသူတွေရဲ့ တိုက်ခိုက်ဝေဖန်မှုတွေကို ကြုံရတဲ့ အနုပညာရှင်ပီပီ ပတ်ထရစ်ရှာလည်း ထိုနည်းလည်းကောင်း သတင်းအတုအယောင်တွေ ထုတ်လွှင့်ခြင်း ခံရရှာပါတယ်။ ဒီနေ့မှာတော့ ပတ်ထရစ်ရှာက စပွန်ဆာနဲ့ ဟိုတယ်ပေါ်က ဗီဒီယိုပေါက်ကြားဆိုတဲ့ သတင်းမှားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

ပတ်ထရစ်ရှာက "😱 ဟာ... စပွန်ဆာကြီး Liam ရိုက်ပေးထားတဲ့ video တွေပေါက်ကြားကုန်ပြီ 🤣😂 ငါ့နှယ်လည်းကြုံလိုက်ရင်အဆန်းအကြယ်တွေပါအေ။ ငါကိုယ်တိုင်တင်ထားတဲ့ video clip ကိုယူပြီး ပရိသတ်တွေကိုဂျင်းထည့်တာ။ နောက်ဆိုတစ်မျိုးလုံးတစ်ဆွေလုံး video ရိုက်ပြရမလိုဖြစ်နေပြီ 😅😅😅" ဆိုပြီး ပြောလာပါတယ်။

ထိုပုံက ပြီးခဲ့တဲ့လက ပတ်ထရစ်ရှာရဲ့ မွေးနေ့မှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက Surprise လုပ်ပေးခဲ့တဲ့ ပုံရိပ်ဖြစ်ပြီး ထိုပုံကို ပတ်ထရစ်ရှာကိုယ်တိုင် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ ဝေဖန်မှုတွေကို အရေးတယူသိပ်မလုပ်ပဲ သူမ လျှောက်ရမယ့်လမ်းကိုသာ အကောင်းဆုံး လျှောက်လှမ်းနေသူလေး တစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Sue Sha Naing's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။