ဂျင်းဝမ်းဆက်ကျပ်ကျပ်လေးဝတ်ပြီး ဆယ်ကျော်သက်လေးလို ချစ်စရာကောင်းနေတဲ့ အိချောပို

Posted on - Jan 17 []

Rowena

စာရေးသူ

ဂစ်တာရှိတ်လေးလို သွယ်လျလှပပြီး အချိုးကျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိချောပိုကို ပရိသတ်တွေက ချစ်ပြီးသားနေမှာပါ။ အိချောပိုက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်နဲ့ ဗီဒီယိုများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိချောပိုရဲ့ အနုပညာလှုပ်ရှားမှုတွေကို စွဲစွဲမြဲမြဲ အားပေးကြတာပဲ ဖြစ်ပါတယ်။

အိချောပိုက လက်ရှိမှာတေ့ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အိချောပိုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိချောပိုက ဂျင်းပန်ကျပ်ကျပ်လေးကို ဝတ်ဆင်ထားပြီး သူမရဲ့ ခန္ဒာကိုယ်လေးနဲ့ အရမ်းလိုက်ဖက်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

အိချောပိုက ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးပုံဖော်တဲ့ "အထိန်းတော်" ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ရှင်မွေလ၊ လင်းလင်း၊ သုသု တို့နဲ့အတူတူ ပြင်ဦးလွင်မြို့မှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အိချောပိုကတော့ ဒီလို စတိုင်လ်လေးနဲ့ အရမ်းလှတာပဲနော်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။