(၄)ခါမြောက် operation လုပ်ပြီးပေမယ့် လက်ကပြန်ကောင်းဖို့မရှိတော့ပါဘူးဆိုတဲ့ သံစဉ်မောင်

Posted on - Jan 19 []

Rowena

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက်ကို ပရိသတ်ကြီး သိပြီးသာ ဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက်ဟာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်ပြီး အနုပညာလောကမှာ ရပ်တည်ရင်း ပရိသတ်မေတ္တာကို ခံယူထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘေဘီမောင်တို့ ညီအစ်မကို ချစ်ခင်အားပေးကြပါတယ်။

သံစဉ်မောင်ကတော့ လတ်တလောမှာ ရည်းစားဟောင်းဖြစ်သူ နာမည်ကြီးမင်းသားတစ်ယောက်နဲ့ ပြဿနာများစွာဖြစ်နေတာကို တွေ့ရပါတယ်။ သံစဉ်မောင်ရဲ့ ပြောပြချက်အရ ရည်းစားဟောင်းဖြစ်သူ မင်းသားက သံစဉ်မောင်နဲ့ တွဲနေစဉ်ကာလက အမြဲရိုက်နှက်ပြီး အနိုင်ကျင့်တာကြောင့် လူကြားထဲတောင် မသွားရဲလောက်တဲ့ထိ ဖြစ်ခဲ့ပါတယ်တဲ့။

သံစဉ်မောင်က ရည်းစားဟောင်းရဲ့ ရိုက်နှက်မှုတွေကြောင့် မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေ ပြင်းထန်းစွာရရှိခဲ့ပြီး သူမရဲ့ ဘယ်ဘက်လက်ခလယ်ကလည်း တော်တော်ကြီး ထိခိုက်သွားတာ ဖြစ်ပါတယ်။

သံစဉ်မောင်ရဲ့ လက်က (၄) ခါတောင် Operation လုပ်ခဲ့ပေမယ့် သူမရဲ့ အကောင်းပကတိအခြေအနေကို လုံးဝပြန်မရနိုင်တော့ဘူးလို့ သိရှိရပါတယ်။

အနုပညာအလုပ်လုပ်နေတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အခုလို အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရတာ စိတ်မကောင်းစရာပဲနော်။ သံစဉ်မောင်တစ်ယေညက် အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Than Sin Maung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။