ဆောင်းနံနက်ခင်းရဲ့ နေရောင်အောက်မှာ နတ်သမီးလေးတစ်ပါးလို လှပနေတဲ့ မိုးဟေကို

Posted on - Jan 20 []

Rowena

စာရေးသူ

ပရိသတ်တွေက "မိုး" လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော မိုးဟေကိုကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ မိုးဟေကိုက သူမရဲ့ အနုပညာသက်တမ်း (၁၀) နှစ်ကျော်အတွင်း အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များများကိုလည်း ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဟေကိုက MOE Production Company ကိုလည်း အောင်မြင်စွာ တည်ထောင်ထားတာ ဖြစ်ပါတယ်။

အသက် သုံးဆယ်ကျော်ရောက်ပြီး အရင်ကထက်တောင် ပိုလှလာပြီး ရင့်ကျက်တည်ငြိမ်လာတာကို တွေရပါတယ်။ မိုးဟေကိုက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်အောင်လည်း ကြိုးစားနေလျက်ရှိပါတယ်။

ဒီနေ့မှာလည်း ဆောင်းရာသီရဲ့ နွေးထွေးလှတဲ့ နေရောင်အောက်မှာ မိုးဟေကိုကို အမိုက်စားပုံရိပ်တွေနဲ့ တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အရမ်းမိုက်ပြီး အထာကျတာပဲ မိုးဟေကိုရယ်💜💜💜

မိုးဟေကိုက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အဆက်မပြတ် ရိုက်ကူးနေပြီး သူမရဲ့ မိခင်ကြီးကိုလည်း အနီးကပ်စောင့်ရှောက်ပေးရင်း တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Moe Hay Ko's fb
Photo: Leopard Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။