Sulli ကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ဖခင်ဖြစ်သူက လက်ဝါးကြီးအုပ်ချင်နေကြောင်း အစ်ကိုဖြစ်သူမှ ဖွင့်ဟ

Posted on - Jan 20 []

Mia Zin

စာရေးသူ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ဘ၀တစ်ပါးဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ Sulli ဟာဆိုရင် မကွယ်လွန်ခင်အချိန်တုန်းက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာမို့လို့ သူမရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေဟာ အများတကာမက်မောချင်စရာကောင်းလှပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သူမ ကျန်ရစ်ခဲ့တဲ့စည်းစိမ်ချမ်းသာတွေကို မက်မောပိုင်ဆိုင်ချင်ကြတဲ့သူတွေထဲမှာ သူစိမ်းတွေသာမကပဲ သူမရဲ့ အရင်းနှီးဆုံးသွေးသားရင်းချာတစ်ယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အဲဒီသူကတော့ တခြားသူမဟုတ်ပါဘူး။ သူမရဲ့ ဖခင်အရင်းကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ သားသမီးရဲ့ ကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ၊ အရာဝတ္ထုပစ္စည်းတွေ ကျန်ရစ်ခဲ့တဲ့ မိဘတွေဖြစ်သူက စိတ်တိုင်းကျ စီမံခန့်ခွဲခွင့်ရှိတယ်ဆိုသော်ငြားလည်း Sulli ရဲ့ အစ်ကိုဖြစ်သူ မျှဝေဖော်ပြခဲ့တဲ့ အင်စတာဂရမ်ပို့စ်အရတော့ ဖခင်ဖြစ်သူနဲ့ သူတို့မိသားစုတွေအကြားမှာ ပိုင်ဆိုင်မှုတွေကို ခန့်ခွဲခွင့်နဲ့ပတ်သတ်ပြီး ပြဿနာရှိနေပုံပါပဲ။

Sulli ရဲ့ အစ်ကိုဖြစ်သူက "ညီမလေးရဲ့သေဆုံးမှုအတွက် ကျွန်တော်ကိုယ်တိုင် ပူဆွေးဝမ်းနည်းနေချိန်မှာ ဘာဖြစ်လို့ ကျွန်တော်တို့ရဲ့အဖေက သူ့သမီးအရင်းဆုံးရှုံးလိုက်ရတာကို ၀မ်းနည်းရမယ့်အစား ကျန်ရစ်ခဲ့တဲ့ပိုင်ဆိုင်မှုကိစ္စတွေကို သူ့ရဲ့မိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးနေနိုင်တာလဲ။ ညီမလေးရဲ့ အုတ်ဂူကိုလည်း တစ်ခါလေးတောင်မှ မလာခဲ့ဘူး။ တကယ်လို့ ကျွန်တော်တို့က သူစိမ်းတွေဆိုရင်လည်း ရှေ့ဆက်ပြီး သူစိမ်းတွေလိုပဲ နေသွားကြရအောင်ဗျာ" လို့ဆိုကာ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Sulli ရဲ့ အစ်ကိုဖြစ်သူက သူတို့ရဲ့ ဖခင်ဖြစ်သူ သူ့ရဲ့မိတ်ဆွေတွေဆီ ပို့ထားတဲ့စာတွေကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီစာတွေအရဆိုရင်တော့ ဖခင်ဖြစ်သူဟာ Sulli ရဲ့ မိခင်ဖြစ်သူနဲ့ ပိုင်ဆိုင်မှုတွေ စီမံခန့်ခွဲမှုနဲ့ပတ်သတ်ကာ အချေအတင်တွေဖြစ်ပွားထားပြီး သူ့အနေနဲ့ ပိုက်ဆံတွေကို လူ့ပတ်ဝန်းကျင်အကျိုးရှိအောင် အသုံးပြုစေချင်ကြောင်း သိရပါတယ်။

Sulli ဟာ မွေးချင်းမောင်နှမ လေးယောက်အနက် တတိယမြောက်ဖြစ်ပြီး အစ်ကို ၂ ယောက်နဲ့ မောင် ၁ ယောက်ရှိပါတယ်။ မိဘတွေရဲ့အခြေအနေနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ်မသိရပေမယ့်လည်း အခုထွက်ပေါ်လာတဲ့သတင်းအရဆိုရင်တော့ Sulli ရဲ့ မိဘ ၂ ပါးဟာ သူမငယ်စဉ်အရွယ်ကတည်းက ကွာရှင်းပြတ်စဲခဲ့ကြတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သမီးအရင်းဖြစ်သူရဲ့ အုတ်ဂူကို တစ်ကြိမ်လေးတောင်မှ သွားမကြည့်ပဲ ကျန်ရစ်ခဲ့တဲ့ပိုင်ဆိုင်မှုပြဿနာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ Sulli ရဲ့ ဖခင်ဖြစ်သူကို သင်တို့တွေအနေနဲ့ ဘယ်လိုများထင်မြင်မိပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။