လူငယ်ဆန်ဆန် Pose တွေနဲ့ ချစ်ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ခြူးလေး

Posted on - Jan 20 []

Moe Kalay

စာရေးသူ

MRTV 4 ဇာတ်လမ်း တွဲများနဲ့ ပရိသတ်အားပေးခြင်းများစွာ ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးဟာဆိုရင် သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူမ က ခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုလည်း လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မကြာခင် ကြည့်ရတော့မှာပါ။သူမသရုပ်ဆောင်ထားတဲ့ ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးကလည်းပရိသတ်အားပေးမှုများစွာရရှိထားသလို၊ လတ်တလောမှာလည်း နွေလယ်ညရဲ့ လမင်း ဇာတ်လမ်းတွဲ နဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုများစွာ ရရှိထားပါတယ်။

ဒီတစ်ခါမှာတော့ ခြူးလေး က " ဟိတ် မတ်မတ်ခြူး က မင်းထင်သလို ကလေးလေးတော့မဟုတ်ဘူး .... ဒါပေမဲ့ .....ကလေးလေး နဲ့ တူနေတာတော့ မတတ်နိုင်ဘူး .... 😝😝😝" ဆိုပြီးပြောထားပါတယ်။

"ဟိတ် လူဆိုးမလေး ဆိုရင်ကော ချစ်မှာလား ...."ဆိုပြီးလည်း ပြောထားပါသေးတယ်။

လူငယ်ဆန်ဆန် Pose လေးနဲ့ လှနေသူလေး ခြူးလေး

သရုပ်ဆောင် ခြူးလေး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ် ။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;chue lay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။