ကိုယ်ဝန်ဆောင်နေတဲ့ပုံရိပ်နဲ့ ပရိသတ်တွေကို အံ့သြထိတ်လန့်သွားစေခဲ့တဲ့ Suzy

Posted on - Jan 20 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီး Idol အဖွဲ့ဖြစ်ခဲ့ဖူးတဲ့ Miss A ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Suzy ဟာဆိုရင် အဆိုတော် Idol တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်နဲ့လည်း အောင်မြင်မှုတွေရရှိနေသူ ဖြစ်ပါတယ်။ သရုပ်ဆောင်နယ်ပယ်ဘက်ကို ကူးပြောင်းလာပြီးတဲ့နောက်ပိုင်း ဇာတ်လမ်းတွဲတွေပိုမိုရိုက်ကူးလာတဲ့ Suzy ဟာ အခုလက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးလို့လာခဲ့ပြီး တကယ့်ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်လိုမျိုး ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကဆိုရင်လည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘Ashfall’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ထုတ်လွှင့်ပြသခဲ့ပြီး အဲဒီဇာတ်ကားထဲက သူမရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေအတွက် မချီးကျူးပဲမနေနိုင်အောင် ကောင်းမွန်နေတာကို တွေ့ရပါတယ်။

သူမရဲ့သရုပ်ဆောင်ပိုင်နိုင်မှုကြောင့်ရော၊ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှု ကောင်းမွန်တာကြောင့်ပါ ဇာတ်ကားရဲ့ကြည့်ရှုနှုန်းဟာ ၈ သန်းကျော်ထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အောင်မြင်မှုအထိမ်းအမှတ်ကို ဖော်ပြတဲ့အနေနဲ့ Suzy ဟာ သူမရဲ့ အင်စတာဂရမ်ကနေတဆင့် ပုံရိပ်အချို့ကို မျှဝေပေးခဲ့ပြီး ပထမတစ်ပုံမှာတော့ သူမဟာ " ‘Ashfall’ ဇာတ်ကားကြည့်ရှုနှုန်း ၈ သန်းကျော်သွားပါပြီ။ ကျေးဇူးတင်ပါတယ်" လို့ဆိုပြီး ရေးသားထားတဲ့ စာရွက်တစ်ရွက်ကို ကိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ်တစ်ပုံကတော့ တကယ်လို့များ သင်ဟာ ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုထားပြီးသူမဟုတ်ရင် သေချာပေါက် ဖုန်းလွတ်ကျတဲ့အထိကို အံ့သြထိတ်လန့်မှင်တက်မိသွားမှာ အမှန်ပါပဲ။ အကြောင်းကတော့ အဲဒီပုံထဲမှာ သူမကို ကိုယ်ဝန်ဆောင်ဗိုက်ကြီးသည်တစ်ယောက်အသွင်နဲ့ မြင်တွေ့ရမှာကြောင့်ဖြစ်ပါတယ်။

သူမဟာ အဲဒီဇာတ်ကားထဲမှာ မင်းသားကြီး Ha Jung Woo ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မျှဝေခဲ့တဲ့ပုံရိပ်ကတော့ ရိုက်ကူးရေးလုပ်နေစဉ်အချိန်တုန်းက ပုံရိပ်ဖြစ်ပါတယ်။ သူမရဲ့အဆိုပါပုံရိပ်ဟာ တစ်ခဏအတွင်းမှာတင် ပျံ့နှံ့လို့သွားခဲ့ပြီး ကိုရီးယားနိုင်ငံအတွင်းက သတင်းမီဒီယာတွေဆီမှာလည်း "Suzy တစ်ယောက် ကိုယ်ဝန်ရှိနေပြီလား" ဆိုတဲ့ သတင်းခေါင်းစဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သင်တို့တွေရော Suzy ရဲ့ ဒီပုံရိပ်ကို မြင်မြင်ချင်းမှာ အံ့သြထိတ်လန့်သွားမိပါသလား။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။