သနပ်ခါးပါးကွက်ကြားလေးလိမ်းပြီး မြန်မာဆန်ဆန်ပွဲတက်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်

Posted on - Jan 20 []

Rowena

စာရေးသူ

တက္ကသိုလ်ကျောင်းကပွဲ ဗီဒီယိုလေးမှတဆင့် လူသိများလာခဲ့တဲ့ အွန်လိုင်းဆယ်လီ ဖြူဖြူထွေးက အခုဆိုရင် အောင်မြင်တဲ့ အနုပညာရှင်ပေါက်စလေးတစ်ယောက် ဖြစ်လို့ နေပါပြီ။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရပြီး နယ်စတိတ်ရှိုးပွဲတွေကိုလည်း သွားရောက် ဖျော်ဖြေပေးနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်လွန်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း သဘောကျ အားပေးကြပါတယ်။

အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ဖြူဖြူထွေးက သူမကို ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တလေးတစားတက်ရောက်နေတာကို တွေ့ရပါတယ်။

ဖြူဖြူထွေးက ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်နန်းသနပ်ခါးပွဲလေးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မင်းသမီးလေး ဖြူဖြူထွေးရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖြူဖြူထွေးက ပြီးခဲ့တဲ့လက ဖွေးဖွေး၊ ရဲရင့်အောင်၊ လွှမ်းပိုင်၊ ခင်လှိုင်တို့နဲ့အတူတူ "ရောသမမွှေ" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ မြန်မာဆန်ဆန် ပါးကွက်လေးနဲ့ အရမ်းကျက်သရေရှိတာပဲနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Phyu Phyu Htwe's fb
Photo: Amazing Grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။