ပြင်ဦးလွင်မြို့မှာပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့တဲ့ လွင်မိုးနဲ့ မေသူ

Posted on - Jan 20 []

Rowena

စာရေးသူ

အနုပညာလောကမှာ မှတ်တိုင်များစွာ ထူထောင်ပြီးနောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားတဲ့ မင်းသားချောလွင်မိုးက လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လွင်မိုးက စီးပွားရေးလုပ်ငန်းများစွာကို ဦးစီးပြီး လုပ်ကိုင်နေတာကြောင့် အနုပညာလုပ်ငန်းတွေကို သိပ်ပြီးမလုပ်ကိုင်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ အနယ်နယ် အရပ်ရပ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

လွင်မိုးနဲ့ ဇနီးဖြစ်သူ မေသူတို့က မနေ့က ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ ပြင်ဦးလွင်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ လက်ထပ်ပွဲလေးကို အတူတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲဟာ ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်လို လှပလွန်းတာကြောင့် ပြည်သူတွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ လွင်မိုးနဲ့ မေသူတို့ ဇနီးမောင်နှံကလည်း လှပလွန်းတဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲမှာ ပုံလှလှလေးတွေ ရိုက်ကူးခဲ့တာကို အခုလို တွေ့ရပါတယ်။

အသက် (၄၉) နှစ်ရှိပြီဖြစ်တဲ့ လွင်မိုးက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို သူချစ်ရတဲ့ မိသားစုတွေအတွက်လည်း အချိန်တွေပေးရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

လွင်မိုးတို့ ဇနီးမောင်နှံကတော့ အသက်တွေကြီးသွားတာတောင် ငယ်ငယ်ကအတိုင်း နုပျိုနေဆဲပါ။ ပရိသတ်ကြီးလည်း လွင်မိုးတို့ ဇနီးမောင်နှံရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Thu's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။