ရွှေသားအတိပြီးတဲ့ ရွှေစင်ရုပ်တုလေးလို ကျက်သရေရှိနေတဲ့ အေးဝတ်ရည်သောင်း

Posted on - Jan 20 []

Rowena

စာရေးသူ

အပျိုကြီးမမလို့ ပရိသတ်တွေက စနောက်ကြတဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းက အသက် သုံးဆယ်ကျော်တိုင် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက သူမဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း ပရိသတ်မေတ္တာကို ခံယူထားသူလေးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးဝတ်ရည်သောင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား အားပေးကြပါတယ်။

အေးဝတ်ရည်သောင်းက မနေ့က ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ ဟင်္သာတမြို့မှာ ကျင်းပပြုလုပ်တဲ့ Mobile Ayarwaddy ဖုန်းဆိုင် Remax Corner အသစ် ဖွင့်လှစ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

အေးဝတ်ရည်သောင်းက Remax ရဲ့ Brand Ambassador အဖြစ် တာဝန်ယူထားတာဖြစ်ပြီး Remax ဆိုင်ဖွင့်ပွဲ တော်တော်များများကို တက်ရောက်ပေးလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက လက်ရှိမှာ ဒါရိုက်တာ မင်းဦး ရိုက်ကူးပုံဖော်တဲ့ "အဆိပ်" Venom ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မယ်လိုဒီ၊ နန်းဆုဦးတို့နဲ့အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ အဝါရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Thaung's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။