အမျိုးတွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်း ဘွဲ့ယူခဲ့တဲ့ ထူးအိမ်သင်ရဲ့သမီးလေး မိကွန်ထော

Posted on - Jan 20 []

Rowena

စာရေးသူ

အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ မိကွန်ထောက "တုနှိုင်းမဲ့ရတနာ" သီချင်းမှာ သရုပ်ဆောင်ခဲ့ပြီး ငယ်စဉ်ကတည်းက ပရိသတ်တွေ ချစ်ခင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖေ ထူးအိမ်သင်ကတော့ ကွယ်လွန်သွားခဲ့တာ င် (၁၆) နှစ်တောင်ရှိပြီဆိုပေမယ့် ပရိသတ်တွေကတော့ မိကွန်ထောကို အခုချိန်ထိ အားပေးချင်ခင်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေက မိကွန်ထောကို အနုပညာလုပ်ငန်းတွေ လုပ်ကိုင်စေချင်ပေမယ့် မိကွန်ထောကတော့ ပညာရေးကိုသာ ပိုမိုအာရုံစိုက်သူလေး ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ မိကွန်ထောက သူမဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ MBA ဘွဲ့ကြီးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိကွန်ထောက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာနဲ့ ဘွဲ့ရထားပြီးပြီပဲ ဖြစ်ပါတယ်။

မိကွန်ထောရဲ့ ဘွဲ့ယူတဲ့နေ့လေးမှာ သူမရဲ့မေမေ၊ ဖွားဖွား၊ အမျိုးတွေနဲ့ သူငယ်ချင်းတွေများစွာကို ဝန်းရံဂုဏ်ပြုပေးခဲ့ကြတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိကွန်ထောရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိကွန်ထောကတော့ သူမဘဝရဲ့ အမှတ်တရနေ့လေးမှာ ချစ်ခင်ရသူတွေအပြည့် နံဘေးနားမှာရှိနေလို့ တော်တော်လေး ဝမ်းသာနေပုံပါပဲ။ ပရိသတ်ကြီးလည်း မိကွန်ထောရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

ဖေဖေ ထူးအိမ်သင်ကတော့ သမီးလေးရဲ့ အောင်မြင်မှုကို ကောင်းကင်ဘုံကနေ လှမ်းကြည့်ရင်း ပီတိဖြစ်နေမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း မိကွန်ထောအတွက် ဂုဏ်ပြုဝမ်းသာစကားလေး ပြောခဲ့ကြပါဦးနော်။

Rowena
Source: Mikon Htaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။