ဟမ်ဘာဂါတစ်လုံးကြောင့် ၅ နှစ်လောက် ရန်ဖြစ်ခဲ့ဖူးတဲ့ Girls’ Generation အဖွဲ့ဝင် ၂ ယောက်

Posted on - Jan 20 []

Mia Zin

စာရေးသူ

ဘယ်လောက်ပဲရင်းနှီးခင်မင်ကြတဲ့ အချစ်ဆုံး၊ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါစေ။ အနည်းဆုံးတစ်ခါလောက်တော့ စကားများရန်ဖြစ်ခဲ့ကြဖူးမှာပါ။ ဒီလိုမျိုးသူငယ်ချင်းတွေထဲမှာ နာမည်ကြီး K-pop Idol အဖွဲ့ဖြစ်တဲ့ Girls’ Generation ရဲ့အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ခင်မင်မှုသက်တမ်းအနည်းဆုံး ၁၀ နှစ်ပတ်ဝန်းကျင်ရှိတဲ့ သူမတို့အဖွဲ့ဝင်တွေဟာ ရန်ုဖြစ်ကြတဲ့အခါမျိုးမှာ ကိစ္စသေးသေးလေးကြောင့် ရန်ဖြစ်ကြတတ်တာဖြစ်ပြီး အဲဒီလိုအချိန်မျိုးတွေမှာဆိုရင် အိမ်ထောင်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ စုံတွဲတွေနဲ့ အလားသဏ္ဍာန်တူတယ်လို့ အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Seohyun က ပြောပြခဲ့ဖူးပါတယ်။

အဖွဲ့ဝင် ၂ ယောက်ဖြစ်တဲ့ Tiffany နဲ့ Sooyoung တို့ဟာ ကိစ္စသေးသးမွှားမွှားလေးတစ်ခုကြောင့် ရန်ဖြစ်ခဲ့ဖူးပြီး အဲဒီကိစ္စအသေးအမွှားကတော့ ဟမ်ဘာဂါတစ်လုံးကြောင့်ပဲ ဖြစ်ပါတယ်။ သူမတို့ ၂ ယောက်ဟာ အဆိုပါဟမ်ဘာဂါ ၁ လုံးကြောင့် ရန်ဖြစ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အလျှော့မပေးပဲ ၅ နှစ်လောက်နေခဲ့ဖူးတယ်လို့ သိရပါတယ်။

Tiffany က သူမတို့ ၂ ယောက်ဟာ ၂၀၁၂ ခုနှစ်တုန်းက ကလေးဆန်ဆန်ရန်ဖြစ်ခဲ့ဖူးကြောင်းကို Happy Together 3 မှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမတို့အဖွဲ့ဝင်တွေအကုန်လုံးဟာ Concert မစတင်ခင်အချိန်မှာ နေ့လည်စာအတွက် အစားအသောက်တွေကို အော်ဒါမှာယူခဲ့ကြကာ အော်ဒါမှာစဉ်အချိန်မှာတော့ Tiffany ကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံးက ဟမ်ဘာဂါတွေမှာယူခဲ့တယ်လို့ သိရပါတယ်။

မှာယူထားတဲ့ဟမ်ဘာဂါတွေ ရောက်ရှိလာစဉ်အချိန်မှာတော့ Tiffany တစ်ယောက် Sooyoung စားနေတဲ့ဟမ်ဘာဂါကိုကြည့်ပြီး အရသာမြည်းစမ်းချင်စိတ်ပေါ်လာပါတော့တယ်။ Sooyoung ကလည်း ကြည်ကြည်ဖြူဖြူပဲ သူမရဲ့စားလက်စဟမ်ဘာဂါကို ပေးကာမြည်းစမ်းစေခဲ့ပြီးနောက်မှာတော့ သူမရဲ့ဘာဂါမှာ Tiffany ရဲ့ နှုတ်ခမ်းနီအနည်းငယ် ပေကျံနေတာကို သတိထားမိခဲ့ပါတော့တယ်။

အစားအသောက်နဲ့ပတ်သတ်လာရင် အတိမ်းအစောင်းမခံတဲ့ Sooyoung က Tiffany ကို ပေကျံနေတဲ့ နှုတ်ခမ်းနီတွေ ကုန်စင်အောင်ပြုလုပ်အတွက် ဒေါသတကြီးနဲ့ ပြောခဲ့ပေမယ့်လည်း Tiffany ကတော့ အဲဒီနှုတ်ခမ်းနီအရာကို သိပ်ပြီးကြီးမားတဲ့ပြဿနာတစ်ရပ်လို့ မထင်မှတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Tiffany ဟာ အကြီးအကျယ်စိတ်မဆိုးခဲ့ဘူးဆိုပေမယ့်လည်း ဒီလိုအဖြစ်အပျက်နဲ့ပတ်သတ်ပြီးလို့တော့ ၅ နှစ်ကြာတဲ့အထိ မေ့မရနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒီလိုမျိုး ပြဿနာရပ်သေးသေးလေးတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုန်တွေ များစွာဖြစ်ခဲ့ကြဖူးပေမယ့်လည်း သူမတို့ ၂ ယောက်ဟာ ဒီနေ့အချိန်ထိ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တည်ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အခွင့်ကြုံလို့ ဖော်ပြရရင်ဖြင့် အစားအသောက်နဲ့ပတ်သတ်ပြီး ဟာသဆန်ဆန် ရန်ဖြစ်ခဲ့ကြဖူးတဲ့ SM Idol တွေထဲမှာ Tiffany နဲ့ Sooyoung တို့ ၂ ယောက်တည်း မဟုတ်ပါဘူး။

Super Junior ရဲ့ အဖွဲ့ဝင် ၂ ယောက်ဖြစ်တဲ့ Heechul နဲ့ Eunhyuk တို့ ၂ ယောက်ဟာဆိုရင်လည်း အစားနဲ့ပတ်သတ်ပြီး အချေအတင်ဖြစ်ခဲ့ကြဖူးသူတွေဖြစ်ပါတယ်။ သူတို့ ၂ ဦးကတော့ ကြက်ဥတစ်လုံးကြောင့်ဖြစ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းက Eunhyuk ဟာ Heechul ရဲ့ ထမင်းကြော်ပန်းကန်ထဲက ကြက်ဥကြော်ကို ခိုးပြီးစားလိုက်တာကြောင့် Heechul တစ်ယောက် ဒေါသဖြစ်ပြီး စားပွဲကို မှောက်ချပစ်ခဲ့ဖူးပါတယ်တဲ့။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။