စင်္ကာပူနိုင်ငံက ပရိသတ်တွေနဲ့ နီးနီးကပ်ကပ်ဆုံတွေ့ခဲ့တဲ့ မေမြင့်မိုရ်

Posted on - Jan 21 []

Rowena

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံ Cathay Cineplexes မှာ ကျင်းပပြုလုပ်တဲ့ "ရိုးမပေါ်ကျတဲ့မျက်ရည်" ပရိသတ်များနဲ့ တွေ့ဆုံဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်က "ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းဆရာမ ဒုက္ခိတလေး "မာလာ" အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်က လက်ရှိမှာ "ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

မေမြင့်မိုရ်ကတော့ ဘယ်လိုနေနေ အရုပ်မလေး အသက်ဝင်လာသလို အရမ်းလှတာပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။