သေးသေးသွယ်သွယ် ဂေါ့ဖ်မယ်လေးတစ်ဦးအဖြစ် တွေ့မြင်ရပြန်တဲ့ ပတ်ထရစ်ရှာ

Posted on - Jan 20 []

Rowena

စာရေးသူ

မင်းသမီးကြီး မြတ်ကေသီအောင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ နှုတ်ခမ်းထူထူလေးနဲ့ နိုင်ငံခြားသူလေးလို ချစ်စရာကောင်းတဲ့ ပတ်ထရစ်ရှာက ပရိသတ်တွေရဲ့ အသည်းနှလုံးထဲက မင်းသမီးလေးဆိုလည်း မမှားပါဘူး။

ပတ်ထရစ်ရှာကလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်သွားအောင် ကြိုးစားနေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီတစ်ခေါက်မှာလည်း ပတ်ထရစ်ရှာက ဂေါ့ဖ်ကွင်းထဲက သူမရဲ့ ပုံရိပ်တွေကို ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပတ်ထရစ်ရှာရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

ပတ်ထရစ်ရှာက သူမရဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ဂေါ့ဖ်မယ်လေးတစ်ယောက်လို ဝတ်ဆင်ထားပြီး အရမ်းလှနေတာကို တွေ့မြင်ရပါတယ်။

ဘယ်လိုစတိုင်လ်မျိုးနဲ့မဆို လိုက်ဖက်လွန်းတာ ပတ်ထရစ်ရှာရဲ့ အားသာချက် တစ်ခုပါပဲ။ ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Sue Sha Naing's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။