အကောင့်ဟက်ပြီး ယုတ်မာသူတွေရဲ့ တိုက်ခိုက်မှုကို ထပ်မံခံစားနေရတဲ့ သံစဉ်မောင်

Posted on - Jan 20 []

Rowena

စာရေးသူ

သရုပ်ဆောင် သံစဉ်မောင်ဟာ လတ်တလောမှာ ရည်းစားဟောင်းဖြစ်သူ နာမည်ကြီးမင်းသားတစ်ယောက်နဲ့ လူမှုရေးပြဿနာတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ ရည်းစားဟောင်းဖြစ်သူက သံစဉ်မောင်ကို နှိပ်စက်ရိုက်နှက်ခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတာဖြစ်ပြီး ပရိသတ်တွေကတော့ နစ်နာသူ မိန်းကလေး သံစဉ်မောင်အတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

သံစဉ်မောင်က လွန်ခဲ့တဲ့ရက်ပိုင်းက မသမာသူတစ်ယောက်ရဲ့ လက်ချက်နဲ့ ကုတင်ပေါ်ကပုံရိပ်တစ်ချို့နဲ့ အရှက်ခွဲခံခဲ့ရပြီး ဒီတစ်ခေါက်မှာလည်း သူမရဲ့အကောင့်ကို ဟက်နေသူတွေရှိကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

အကောင့်ဟက်ပြီး ထပ်ယုတ်မာချင်တာလား ? အဲ့လောက်လွယ်လား? 😊 ဟက်ခိုင်းတဲ့သူရော၊ ဟက်တဲ့သူရောရဲ့မျက်နှာလေးတွေကို ဒီကလည်းသေချာကြည့်ပြီး မေတ္တာတွေပို့ပေးနေပါတယ်နော်🙏🏻 "

"အဲ့လောက်ထိပူလောင်နာကျင်ပြီးတာတောင် ထပ်ဒုက္ခပေးချင်သူတွေ ကျန်းမာပါစေ ချမ်းသာပါစေ အေးချမ်းပါစေ အစစအရာရာအဆင်ပြေကြပါစေနော်လို့☺️ ဝဋ်ကြွေးရှိအကုန်ဆပ်မှာပါ သိလား …" ဆိုပြီး မျှဝေထားပါတယ်။

သံစဉ်မောင်ကတော့ လတ်တလောမှာ ရည်းစားဟောင်းရိုက်နှက်တဲ့ ဒဏ်ရာတွေကို ကုသမှုခံယူနေသလို စိတ်ပိုင်းဆိုင်ရာမှာလည်း တော်တော်လေး တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။ သံစဉ်မောင်တစ်ယောက် အမြန်ဆုံး အမှန်တရားကို ရရှိပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Than Sin Maung's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။