ရည်းစားဟောင်း ၃ယောက်လုံး တစ်လထဲမှာ အိမ်ထောင်တွေပြုသွားကြပြီ ဆိုတဲ့ နေခြည်ဦး

Posted on - Jan 20 []

Moe Kalay

စာရေးသူ

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး က သူ့ရဲ့ ချစ်သူဟောင်း ၃ ဦး က တစ်လတည်းမှာ မင်္ဂလာဆောင် သွားတယ်လို့ ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ နေခြည်ဦး က " EX သုံးယောက်ကတော့ တစ်လထဲမှာအိမ်ထောင်တွေပြုသွားကြပြီ
ကိုယ်တွေက“ Hi! How are you? “ကမတက်သေးဘူး 🤣🤣" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

နေခြည်ဦး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nay chi oo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။