တရားဝင်လမ်းခွဲပြတ်စဲလိုက်ကြပြီဖြစ်တဲ့ James Reid နဲ့ Nadine Lustre တို့စုံတွဲ

Posted on - Jan 20 []

Mia Zin

စာရေးသူ

ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသား James Reid နဲ့ အဆိုတော် မင်းသမီးလေး Nadine Lustre တို့ ချစ်သူစုံတွဲဟာ သူတို့ ၂ ဦးရဲ့ အချစ်ဇာတ်လမ်းကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ အတိအလင်းကြေညာအသိပေးလိုက်ပြီ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံအတွင်းမှာသာမက အာရှနိုင်ငံအတော်များများမှာပါ လူသိများတဲ့စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဒီသတင်းနဲ့ပတ်သတ်လို့ မယုံကြည်နိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။

တကယ်တော့ သူတို့စုံတွဲလမ်းခွဲလိုက်ကြပြီဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထွက်ရှိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကောလဟာလအဖြစ်နဲ့သာ ပရိသတ်တွေအကြားထဲ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဆိုပါသတင်းတွေဟာမှန်ကန်ကြောင်းကို ၂ ယောက်လုံးက အတိအလင်းကြေညာခဲ့ပြီး ရှေ့ဆက်ပြီး သူငယ်ချင်းကောင်းတွေအဖြစ်နဲ့သာ ဆက်ဆံကြတော့မယ်လို့လည်း အသိပေးထားကို တွေ့ရပါတယ်။

James Reid နဲ့ Nadine Lustre တို့ ၂ ယောက်ကို အာရှနိုင်ငံတွေက ပရိသတ်တွေကတော့ "JaDine" လို့ အသိများကြပြီး သူတို့ ၂ ဦးရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးဂရုစိုက်တတ်ပုံတွေဟာ ပရိသတ်တွေအကြားမှာ နာမည်ကြီးလှပါတယ်။ ၂ ယောက်လုံးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တာကြောင့်လည်း ပြည်တွင်းမှာ သူတို့စုံတွဲကို သဘောတူချစ်ခင်ကြတဲ့ ပရိသတ်တွေဆိုတာ အမြောက်အများပါ။

၂ ယောက်လုံးဟာ ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့ကြတဲ့ အသက်တူ၊ ရွယ်တူတွေဖြစ်ကြကာ Diary ng Panget ဆိုတဲ့ ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ရင်း စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂ ယောက်အတူတွဲဖက်ကာ ဇာတ်ကားရိုက်ကူးမှုတွေပြုလုပ်ခဲ့ကြတဲ့အပြင် တေးသီချင်းတွေကိုလည်း ဖန်တီးသီဆိုခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သူတို့ ၂ ဦးရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းအသိပေးခဲ့ပြီး အခုလက်ရှိအချိန်မှာတော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ ၄ နှစ်ပြည့်ခါနီးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံတရားရဲ့မျက်နှာသာမပေးမှုကြောင့် သူတို့ရဲ့အချစ်ဇာတ်လမ်းကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့မှာ အသိပေးခဲ့ခြင်းပဲဖြစ်ပါတယ်။

Ref : Rappler
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။