သူငယ်ချင်းဖြစ်သူ Goo Hara ကွယ်လွန်ပြီးနောက် သူမကိုယ်သူမလည်း အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ Han Seo Hee

Posted on - Jan 21 []

Mia Zin

စာရေးသူ

Han Seo Hee ဆိုတဲ့ နာမည်ကို ကိုရီးယားအနုပညာလှိုင်းကြိုက်ပရိသတ်တွေ၊ အထူးသဖြင့် K-pop ကြိုက် ပရိသတ်တွေကတော့ ကောင်းကောင်းကြီး သိပြီး၊ ရင်းနှီးပြီးဖြစ်မှာပါ။ YG Entertainment ရဲ့ Trainee ဟောင်းတစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့တဲ့ သူမဟာ နာမည်ကြီး Idol တွေ အတော်များများရဲ့ အရှုပ်တော်ပုံပြဿနာတွေမှာ ပါဝင်ပတ်သတ်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် သူမဟာ အနုပညာရှင်တစ်ယောက်မဟုတ်ဘူးဆိုသော်ငြားလည်း နိုင်ငံတကာက ပရိသတ်တွေများစွာရဲ့ မျက်မုန်းကျိုးခြင်း၊ ဝေဖန်မှုအပြစ်တင်ခြင်းတွေကို အများဆုံးရရှိထားသူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ လူအများရဲ့အာရုံစိုက်မှုကို ရရှိအောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖန်တီးလေ့ရှိသူလို့ သတ်မှတ်ခံထားရတဲ့သူမဟာ လတ်တလောမှာလည်း အင်စတာဂရမ်ကနေ Live လွှင့်ခဲ့ကာ လူတွေရဲ့ စိတ်ဝင်စားမှုရရှိစေနိုင်တဲ့ အကြောင်းအရာတစ်ခုကို ဖွင့်ဟလိုက်ပြန်ပါပြီ။

အဲဒါကတော့ သူမကိုယ်သူမ အဆုံးစီရင်ဖို့အတွက်ကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကြိုးစားခဲ့သေးတယ်ဆိုတာပါပဲ။ ဒီလိုမျိုး အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်ဆိုသော်ငြားလည်း ဆေးရုံကို အလျင်အမြန်ပို့ဆောင်နိုင်ခဲ့တာကြောင့် အသက်မဆုံးရှုံးခဲ့တာဖြစ်တယ်လို့ သူမက ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံတက်ရောက်နေစဉ် အချိန်ကာလအတွင်းတုန်းကဆိုရင် သူမရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်း ဆဲဆိုခဲ့မိဖူးပြီး ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဆိုဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက ဘ၀တစ်ပါးဆီိကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သူ Goo Hara ကို ဆုံးရှုံးလိုက်ရတာကြောင့်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ လိင်တူချစ်သူဖြစ်တဲ့ Jung Da Eun ဆီကနေ ရိုက်နှက်မှုတွေကို ရောက်ရှိခဲ့တာကလည်း သူမကို ဒီလိုအဖြစ်မျိုးရောက်ရှိအောင် ပေးပို့နိုင်တာကို တွေ့ရပါတယ်။ သူမရဲ့ဖြစ်ကြောင်းအစုံအလင်ကို ပြောပြခဲ့ပြီးနောက်မှာတော့ သူမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ၀န်ထမ်းတွေကိုလည်း တောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။