သီဆိုမှုစွမ်းရည်နဲ့ပတ်သတ်ပြီး ကျောင်းသုံးဖတ်စာအုပ်မှာ ဝေဖန်အကဲဖြတ်တဲ့သဘောနဲ့ ဖော်ပြခံရဖူးတဲ့ Baekhyun

Posted on - Jan 21 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသား Idol အဖွဲ့ဖြစ်တဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Baekhyun ဟာဆိုရင် K-pop လောကရဲ့ အသံအကောင်းဆုံးသော Idol တစ်ယောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပြီး သူ့ရဲ့ အသံပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီးတော့လည်း ၀ါရင့်အနုပညာရှင်ကြီးတွေဆီကနေ ချီးကျူးမှု၊ အသိအမှတ်ပြုမှုတွေ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီလိုမျိုး အဆိုပိုင်းဆိုင်ရာမှာ ပိုင်နိုင်ကျွမ်းကျင်မှုရှိလှတဲ့ Baekhyun ဟာ သူ့ရဲ့သီဆိုမှုစွမ်းရည်နဲ့ ပတ်သတ်ပြီး ကျောင်းသုံးဖတ်စာအုပ်တစ်အုပ်မှာ ဖော်ပြခြင်းခံခဲ့ရဖူးပါတယ်။ ဖတ်စာအုပ်ထဲက ဖော်ပြပုံအရဆိုရင်တော့ ဦးစွာ Baekhyun ရဲ့ အကြောင်းကိုမိတ်ဆက်ပေးပြီး အဲဒီနောက်မှာမှ သူ့ရဲ့ သီဆိုမှုပုံစံကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဖတ်စာအုပ်ကို ဖတ်ရှုကြည့်တဲ့ပရိသတ်တွေကတော့ ရေးသားထားတဲ့ပုံစံဟာ Baekhyun ရဲ့ သီဆိုမှုပိုင်းဆိုင်ရာကို ဝေဖန်အကဲဖြတ်ပြီး မကောင်းတဲ့အမြင်နဲ့ရေးသားထားတာကို ခံစားမိတယ်လို့ ဆိုပါတယ်။

ပထမပိုင်းမှာတော့ Baekhyun ရဲ့ အသံကို ချီးကျူးတဲ့ဟန်နဲ့ရေးသားထားခဲ့ပြီး နောက်တစ်ကြောင်းမှာတော့ သီဆိုမှုပုံစံကို ဝေဖန်တဲ့သဘောနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ Baekhyun ဟာ ကောင်းမွန်တဲ့အသံကို ပိုင်ဆိုင်ထားသော်ငြားလည်း တစ်ခါတစ်လေ သီချင်းဆိုတဲ့အခါမျိုးမှာ ဂရုတစိုက်နဲ့မဆိုပဲ ပေါ့ပေါ့တန်တန်သီဆိုထားကာ တစ်ခါတစ်လေမှာတော့ နှာခေါင်းသံနဲ့ သီဆိုတယ်ဆိုတာပါပဲ။

အဲဒီအခါမှာတော့ EXO-L အချို့ဟာ ဖတ်စာအုပ်ရဲ့ဖော်ပြချက်နဲ့ အသုံးအနှုန်းပုံစံကို မကျေနပ်ဖြစ်ခဲ့ကြကာ ဖတ်စာအုပ်တစ်အုပ်မှာရှိသင့် အသုံးအနှုန်းတွေ၊ စကားလုံးတွေမရှိပဲ ကိုယ်ပိုင်အမြင်တွေကို ထည့်သွင်းရေးသားထားတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ တချို့ပရိသတ်တွေကျတော့လည်း ဒီဖတ်စာအုပ်ဟာ ဂီတကိုဦးစားပေးသင်ကြားတဲ့ ဖတ်စာအုပ်ဖြစ်တာကြောင့် အကောင်းရော၊ အဆိုးကိုပါ ယှဉ်တွဲဖော်ပြရတာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားကြတာကို တွေ့ရပါတယ်။

ဘယ်လိုဖတ်စာအုပ်တွေက ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖော်ပြကြပါစေ၊ Baekhyun မှာ အရည်အချင်းတွေက ပြည့်ဝမှုရှိပြီး အလှပဆုံးသောအသံကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ ပရိသတ်တွေကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါနော်။

Ref: Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။