မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားနေပြီဖြစ်တာကြောင့် အသက်အိုမင်းလာမှာကို မကြောက်ဘူးဆိုတဲ့ Ji Sung

Posted on - Jan 21 []

Mia Zin

စာရေးသူ

လောကမှာရှိတဲ့ မည်သည့်သက်ရှိ၊ သက်မဲ့မဆို အချိန်တန်ရင် ပျက်စီးပျောက်ကွယ်သွားကြမှာ အမှန်ဆိုပေမယ့်လည်း လူသားတွေအများစုကတော့ အသက်ကြီးလာမှာကို ကြောက်ရွံ့ကြပါတယ်။ တစ်နည်းဆိုရရင်တော့ တွေးပူတတ်တယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Ji Sung ကတော့ သူ့အနေနဲ့ အသက်အရွယ်အိုမင်းလာမှာကို မကြောက်ဘူးလို့ အစီအစဉ်တစ်ခုမှာ ဖွင့်ဟပြောပြခဲ့ပါတယ်။

ဇန်န၀ါရီလ ၁၆ ရက်နေ့တုန်းက tvN ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ 'RUN' အစီအစဉ်မှာ တင်ဆက်သူတွေက ဒီကမ္ဘာကြီးမှာ အသက်အရွယ်အိုမင်းမှုကို ရှောင်ရှားနိုင်တဲ့သူ တစ်ယောက်မှမရှိကြောင်းကို ဆွေးနွေးပြောခဲ့ကြပါတယ်။

ဆွေးနွေးနေကြတဲ့ အချိန်အတွင်းမှာပဲ သရုပ်ဆောင် Lee Tae Seon က Ji Sung ကို "အစ်ကို ခင်ဗျားရော အသက်ကြီးလာမှာကို တွေးကြောက်ဖူးသလား" လို့ မေးမြန်းခဲ့ရာ Ji Sung က "တကယ်လို့ အခုထိ လူပျိုဘ၀နဲ့ပဲရှိနေဦးမယ်ဆိုရင်တော့ တွေးကြောက်ကောင်းကြောက်မိမှာပေါ့။ ပြီးတော့ အထီးလည်းကျန်မိလိမ့်မယ်" လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဆက်လက်ပြီး Ji Sung က "ဒါပေမယ့် အခုတော့ ငါ့မှာ မိသားစုရှိနေပြီလေ။ ငါ့မိသားစုဝင်တွေက ငါ့အနားမှာရှိနေမှာဆိုတော့ အသက်ကြီးလာမှာကို တွေးပြီးကြောက်မနေတော့ပါဘူး" လို့ဆိုကာ သူ့ရဲ့မိသားစုကြောင့် သူ့အနေနဲ့ အသက်အရွယ်အိုမင်းမှုကို မကြောက်ရွံ့ကြောင်း ဖြေဆိုခဲ့ပါတယ်။

Ji Sung ဟာ မင်းသမီး Lee Bo Young နဲ့ ၆ နှစ်တာမျှ ချစ်ကြိုက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ သူတို့ရဲ့ ပထမရင်သွေးလေးဖြစ်တဲ့ သမီးဦးလေးကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းကမှ ပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Ref : SBS Star
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။