လိမ္မော်သီးသည် အဘ အိမ်အထိလိုက်သွားပြီးမိသားစုတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရွှေပိုးအိမ်

Posted on - Jan 21 []

Moe Kalay

စာရေးသူ

စည်ပင်ဝန်ထမ်းတွေ ရဲ့ အနိုင်ကျင့်ခံလိုက်ရလို့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ လိမ္မော်သီးသည် အဘ ရဲ့ အဖြစ်ကို ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။ မိသားစုကို ဈေးရောင်းရင်း ရှာကျွေးနေတဲ့ အဘ ကို လူအများက သနားဂရုဏာ သက်နေကြတာပါ။ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် ရွှေပိုးအိမ် က အဘ ရဲ့ အဖြစ်ကို ကြားသိပြီး သူတတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် ကူညီရန် သွားခဲ့တဲ့ အကြောင်းကို မိုမိုလေး ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

လိမ္မော်သီးသည် အဘ က သူ့ရဲ့ မိသားစု နဲ့ မသန်စွမ်း တဲ့ သမီးလေးကို ဗိုလ်ချုပ်ဈေးမှာ ဈေးရောင်းပြီး ရှာကျွေးနေတာ ဖြစ်ပြီး ခုလို အဖြစ်နဲ့ ကြုံတွေ့ရတာပါ။

ရွှေးပိုးအိမ် က အဘ နေထိုင်ရာ ၂|၇ ရပ်ကွက် -နဝဒေးပတ်လမ်း,လှိုင်သာယာ အိမ်အထိသွားရောက်ပြီး အလှူငွေများပေးရင်း မိသားစု နဲ့ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေပိုးအိမ် က " ဘဝပေးအခြေအနေကြောင့်ဈေးရောင်းနေကြတဲ့ မိသားစုတွေ အတွက်တတ်နိုင်တာလေး သွားကူညီခဲ့တယ်We love Shwe Poe eain နှင့်Cover Queen Phone Accessories House မှ အလှူငွေ ၅သိန်း လှူခဲ့ပါတယ်ဆက်သွယ် ရန် - ဘဘဦးသိန်းထွန်း 09787053289
၂|၇ ရပ်ကွက် -နဝဒေးပတ်လမ်း,လှိုင်သာယာ " ဆိုပြီးပြောထားပါတယ်။

အဘ ရဲ့ မသန်စွမ်းတဲ့ သမီးလေးကလည်း ဝမ်းသာလို့ ပီတီမျက်ရည်များနဲ့

ရွှေပိုးအိမ် ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်လေးက လေးစားစရာပါနော်။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Shwe Poe Eain

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။