ဂရမ်မီဆုပေးပွဲမှာ နောက်လိုက်အကသမားတွေသာသာ ဆက်ဆံခံလိုက်ရတဲ့ BTS

Posted on - Jan 25 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသော K-pop Idol အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ BTS အဖွဲ့ဟာဆိုရင် အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံကြီးတွေမှာပါ အောင်မြင်မှုတွေရရှိနေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာကို ပရိသတ်တွေပဲဖြစ်မှာပါ။ ကမ္ဘာ့နာမည်ကြီးတေးဂီတဆုပေးပွဲတွေကို ပထမဆုံး တက်ရောက်ဖျော်ဖြေခွင့်ရတဲ့ K-pop အဖွဲ့အဖြစ် သမိုင်းမှတ်တိုင်တွေစိုက်ထူနိုင်ခဲ့တဲ့ သူတို့အဖွဲ့ဟာ အခုဆိုရင် ဂရမ်မီဆုပေးပွဲကို တက်ရောက်ပြီး ဖျော်ဖြေတင်ဆက်ဖို့အတွက်ကိုလည်း တရားဝင်အသိပေးထားပြီး ဖြစ်ပါတယ်။

၆၂ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ဂရမ်မီဆုပေးပွဲကို BTS တက်ရောက်ပြီး ဖျော်ဖြေမယ်ဆိုတဲ့သတင်းဟာ BTS ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ ARMY တွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာသတင်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း နောက်ဆက်တွဲထွက်ပေါ်လာတဲ့သတင်းအကြောင်းအရာတစ်ခုကတော့ စိတ်ဆိုးဒေါသဖြစ်စရာကောင်းခဲ့ပါတယ်။

အဲဒါကတော့ BTS အနေနဲ့ ဂရမ်မီဆုပေးပွဲမှာ နောက်လိုက်အကသမားတွေသဖွယ် ဆက်ဆံခံလိုက်ရတယ်ဆိုတဲ့သတင်းပါပဲ။ BTS ဟာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်ကြတဲ့ Lil Nas X နဲ့ Billy Ray Cyrus တို့နဲ့အတူ ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်တယ်လို့ ကြိုတင်ကြေညာထားခဲ့တာမို့လို့ ပရိသတ်တွေအနေနဲ့ ဘယ်လိုမျိုးတင်ဆက်မှုတွေကို မြင်တွေ့ရမလဲဆိုတာကို သိချင်ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်း အကြိုလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တွေထွက်ပေါ်လာချိန်မှာတော့ BTS အဖွဲ့ဝင်တွေအကုန်လုံးဟာ Lil Nas X နဲ့ Billy Ray Cyrus တို့ရဲ့ အနောက်မှာသာ ရွေ့လျားနေတဲ့ စတိတ်နဲ့ ဖျော်ဖြေရတာကို တွေ့မြင်ရပါတယ်။ အဲဒီအခါမှာတော့ BTS ကို နောက်လိုက်အကသမားတွေလိုမျိုး မဆက်ဆံသင့်ကြောင်း၊ BTS အနေနဲ့ သီးသန့်စတိတ်ဖျော်ဖြေမှုရှိသင့်ကြောင်း စသဖြင့်ဆိုကာ ပရိသတ်တွေက ဒေါသတကြီးဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် အရည်အချင်းပြည့်ဝတဲ့ BTS ဟာ ဒီ့ထက်ပိုပြီးကောင်းမွန်စွာဆက်ဆံခံသင့်တဲ့သူတွေဖြစ်ကြောင်းကို #BTSdeservesbetter လို့ရေးသားကာ ARMY တွေက Twitter မှာ Trend လုပ်ခဲ့ပြီး ဂရမ်မီဆုပေးပွဲကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ သင်တို့တွေရော ဒီအကြောင်းအရာကို ဘယ်လိုများထင်မြင်မိပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။