လက်ကောက်ဝတ်မှာ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးသွင်းပြီး ကုသမှုခံယူနေတဲ့ သင်ဇာဝင့်ကျော်

Posted on - Jan 26 []

Rowena

စာရေးသူ

ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေးနဲ့ အပြစ်ဆိုစရာမရှိအောင်လှပလွန်းတဲ့ မင်းသမီးလေး သင်ဇာဝင့်ကျော်က အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ သင်ဇာဝင့်ကျော်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာမှာ သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ဒီနေ့အချိန်ထိ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ဒီနေ့မှာတော့ ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေတာကို တွေ့ရပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ ထိုပုံကြောင့် သူမရဲ့ ပရိသတ်တွေက စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က လက်ကောက်ဝတ်မှာ ဒဏ်ရာတွေနဲ့အတူ ဆေးသွင်းနေတာကြောင့် သူမရဲ့ ပရိသတ်တွေက စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေပြီး နားရက်ရယ်လို့မရှိရအောင် အလုပ်တွေ ကြိုးစားလုပ်နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ အခြေအနေကတော့ စိုးရိမ်ရလားဆိုတာ မသိရသေးပါဘူး။ ပရိသတ်ကြီးလည်း သင်ဇာတစ်ယေက် အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။

Rowena
Source:Thin Zar Wint Kyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။