ချစ်သုဝေမရှိတုန်း သမီးတွေမျက်နှာကို နှုတ်ခမ်းမွှေးဆွဲပေးပြီး အပြင်ထွက်လျှောက်လည်ခဲ့တဲ့ လင်းလင်း

Posted on - Jan 27 []

Rowena

စာရေးသူ

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုလေးက တစ်နိုင်ငံလုံးက ပရိသတ်တွေ အားကျရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ နွေးထွေးကြင်နာမှုတွေပေးတဲ့ မေမေချစ်သုဝေနဲ့ သမီးတွေမျက်နှာမငြိုးရအောင် ပျော်ပျော်ထားတဲ့ ဖေဖေလင်းလင်းတို့ကြောင့် ခေတ်နဲ့သစ်တို့က အလှဆုံးနဲ့ ချစ်စရာအကောင်းဆုံး ကလေးလေးတွေအဖြစ် ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခံရသူလေးတွေလည်း ဖြစ်ပါတယ်။

လင်းလင်းတို့ သားအဖတွေက လတ်တလောမှာ မေမေချစ်သုဝေမရှိတုန်း လွတ်လပ်ရေးရနေကြတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ သမီးတွေမျက်နှာမှာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေဆွဲပေးပြီး လျှောက်လည်ခဲ့ကြောင်းကို အခုလိုပဲပြောလာပါတယ်။

"မေမေရယ်, ဒေါ်ဒေါ်ရယ်, ဘွားဘွားရယ် စင်္ကာပူသွားတော့ ကိုယ်တို့ ဂိုဏ်းစတားတွေ အပြင်ထွက် ကဲပြီကွာ:))) ❤️👨‍👩‍👧‍👧🥴😂" ဆိုပြီး အရွှန်းဖောက် ပြောဆိုထားပါတယ်။

လင်းလင်းကတော့ သမီးတွေရဲ့ မျက်နှာမှာ ဆော့ပင်တွေနဲ့ လျှောက်ဆွဲပေးပြီး လျှောက်လည်ခဲ့တာကြောင့် ခေတ်နဲ့သစ်တို့ရဲ့ မေမေချစ်သုဝေရဲ့ စိတ်ဆိုခြင်းခံရတော့မှာ အသေအချာပါပဲ။

လင်းလင်းတို့ မိသားစုလေးကတော့ ဘေးကကြည့်နေသူတွေတောင် အပျော်တွေ ကူးစက်သွားစေတာပဲနော်။ ပရိသတ်ကြီးလည်း လင်းလင်း၊ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Htwe Lynn Ko's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။