ဂွါဒီယိုလာနဲ့ သူ့အကြား လိင်တူခြင်း ချစ်ကြိုက်ခဲ့ခြင်း ရှိ၊ မရှိ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့တဲ့ ဖီဂို

Posted on - Feb 9 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီဂန္ထ၀င်ကစားသမားကြီးဖီဂိုကတော့ လက်ရှိမန်စီးတီးနည်ပြဂွါဒီယိုလာနဲ့ သူ့အကြား လိင်တူခြင်း ကြိုက်နှစ်သက်ခဲ့ခြင်း ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး ပွင့်ပွင်းလင်းလင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖီဂိုနဲ့ ဂွါဒီယိုလာတို့ဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ အတူတွဲကစားခဲ့ကြပြီး လက်တွဲညီခဲ့သူတွေပါ။ သူတို့နှစ်ယောက်ဟာ ဘာစီလိုနာကို အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သူတွေပါ။

ဒါ့အပြင် ဂွါဒီယိုလာနဲ့ ဖီဂိုတို့ဟာ အလွန်ရင်းနှီးကြသူတွေဖြစ်ပြီး အခန်းဖော်တွေလည်း ဖြစ်ခဲ့ကြဖူးသူတွေပါ။ ဒါကြောင့် ဖီဂိုနဲ့ ဂွါဒီယိုယာတို့နှစ်ယောက်သား ချစ်ကြိုက်နေကြတဲ့ဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်ခဲ့ဖူးတာပါ။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ဖီဂိုကတော့ အခုလိုပဲ ပြတ်ပြတ်သားသား ဖြေရှင်းသွားခဲ့ပါတယ်။ "ဂွါဒီယိုလာဟာ တကယ့်ကို ကောင်းမွန်တဲ့ သူငယ်ချင်းပါ။ သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်။ နောက်ပြီး ကျွန်တော့်ရဲ့ အခန်းဖော်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ဘာမှမရှိပါဘူး။ ကျွန်တော်က မိန်းမတွေကိုပဲ ကြိုက်ပါတယ်။ လက်ရှိအချိန်အထိတော့ ထိပ်တန်းအဆင့်ရှိ ကစားသမားတွေထဲက ဂေးလ်ပေါ်ထွက်လာတာကို မမြင်ရသေးပါဘူး"လို့ ဖီဂိုက ပြတ်ပြတ်သားသား ပြောကြားသွားခဲ့တာပါ။

ဖီဂိုဟာ Helen Svedin နဲ့ လက်ထပ်ခဲ့ပြီး သမီး(၃) ယောက် ထွန်းကာခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဖီဂိုက ဒီနေ့ခေတ်ဘောလုံးလောကဟာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနေနိုင်ဖို့လိုကြောင်း၊ ဖိအားအလွန်များကြောင်း ဆိုခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။