မယုံကြည်နိုင်စရာ ငွေပမာဏနဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေကို ရောင်းချကြတဲ့လူများ

Posted on - Feb 10 []

Rowena

စာရေးသူ

ပန်းချီကားတွေကိုဝယ်ပြီး နံရံပေါ်မှာ ချိတ်ဆွဲတယ်ဆိုတာ သာမာန်ကိစ္စပါပဲ။ ဒါပေမယ့် ပန်းချီကားထဲမှာရှိနေတဲ့ ပန်းချီဆရာရဲ့ စိတ်ကူးစိတ်သန်းတွေ ဝယ်ယူတာကတော့ ထူးခြားပါတယ်။ သင်က အနုပညာရှင်ရဲ့ ဖော်ပြချက်များနှင့်ဆွဲဆောင်မှုမှတဆင့် သူတို့ကိုခံစားနိုင်သော်လည်း အနည်းဆုံး မူရင်းပစ္စည်းကိုဝယ်ယူရပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် ထူးထူးဆန်းဆန်း ပစ္စည်းတွေရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ ပမာဏတွေနဲ့ ရောင်းချခံရတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ကန်ဒေါ်လာ (၄) သန်း တန်တဲ့ အမှိုက်ပုံကြီး

ရှုတ်ရှပ်ခတ်နေတဲ့ အိပ်ခန်းကြီးကိုရောင်းချပြီး ရှင်းထုတ်ပစ်ဖို့က ဆယ်ကျော်သက်တိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဗြိတိန်လူမျိုး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Tracey Emin ဆိုတဲ့ မိန်းကလေးကတော့ အဲ့ဒီကိစ္စကို အတည်ကြီး လုပ်ချခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက သူမဟာ သူမရဲ့ အချစ်ရေးပြဿနာတွေကြောင့် တော်တော်လေး စိတ်ဖိစီးခဲ့ရပြီး သူမရဲ့ အချိန်တော်တော်များများကို အိပ်ယာပေါ်မှာသာ ကုန်ဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Tracey Emin က “My Bed” လို့ခေါ်တဲ့ အမှိုက်တွေနဲ့ ရှုတ်ရှပ်ခတ်နေတဲ့ အိပ်ယာကြီးကို Charles Saatch ဆိုတဲ့လူဆီ အမေရိကန်ဒေါ်လာ ၁သိန်းခွဲနဲ့ လေလံပွဲမှာ ရောင်းချခဲ့ပါတယ်။ အဲ့ဒီလူကမှတဆင့် ထိုအိပ်ယာကြီးကို စိတ်ကျဝေဒနာရဲ့ လက္ခဏာရပ်အဖြစ် ကန်ဒေါ်လာ ၄ သန်း နဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။

ကန်ဒေါ်လာ (၄၅၅) ကျပ် တန်တဲ့ ရေတစ်ခွက်

(၁၉၇၇) ခုနှစ်မှာ အမေရိကန်အဆိုတော်၊ သရုပ်ဆောင် Elvis Presley ရဲ့ လက်ထောက်က Elvis Presley အကုန်မသောက်ရသေးတဲ့ ရေတစ်ခွက်ကို ဒေါ်လာ (၄၅၅) ကျပ်နဲ့ ရောင်းချခဲ့ပါတယ်။ အဲ့ဒီခေတ်ကာလအချိန်တုန်းက ဒေါ်လာ (၄၅၅) ကျပ်ဆိုတာ အရမ်းများတဲ့ ငွေပမာဏပါပဲ။ အဲ့ဒီရေတစ်ခွက်ကို ဝယ်ယူသွားသူကတော့ ဖန်ခွက်ထဲမှာ ကျန်တဲ့ရေနည်းနည်းကို ရေငွေ့မပျံအောင် ဘယ်လိုထိန်းသိမ်းထားလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။

ကန်ဒေါ်လာ (၁)သန်း တန် ဆံပင်

(၂၀၀၇) ခုနှစ်မှာ အဆိုတော် Britney Spears က သူမရဲ့ ဆံပင်တွေကို ရိတ်ပြီး ကတုံးတုံးခဲ့တာကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့ပါတယ်။ အလှပြင်ဆိုင်ရဲ့ပိုင်ရှင်က နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ ဆံပင်ကိုရောင်းရင် ကန်ဒေါ်လာ (၁)သန်း ထက်မနည်းတဲ့ ပိုက်ဆံတွေရရှိမယ်ဆိုတာသိပြီး လေလံပစ်ခဲ့ပါတယ်။ ထိုလေလံပွဲမှာ အလှပြင်ဆိုင်မှာ Britney Spears ကျန်ခဲ့တဲ့ ခေါင်းစည်းကြိုး၊ မီးခြစ်၊ အအေးဘူးတစ်ဘူးစတာတွေလည်း လေလံပစ်ခဲ့ပါသေးတယ်။

ကန်ဒေါ်လာ (၃၀၀၀) တန် ပျော်ရွှင်မှု

သြစတေးလျလူမျိုး (၄) ယောက်က eBay ရဲ့ လေလံပွဲမှာ သူတို့ရဲ့ အချိန်တွေကို ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့နဲ့အတူတူ ပျော်စရာကောင်းတဲ့ အားလပ်ရက် ကုန်ဆုံးနိုင်ဖို့ ကန်ဒေါ်လာ (၃၀၀၀) တန် နဲ့ လေလံပစ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပျော်စရာကောင်းတယ်ဆိုတဲ့ အစီအစဉ်မှာတော့ အရက်သောက်တာတွေ၊ မုန့်စားတာတွေနဲ့ စကားစမြည်ပြောတာတွေပါ ပါဝင်ပါတယ်။ ဒါက ပျော်ပျော်နေတတ်တဲ့လူငယ်တွေအတွက် အားလပ်ရက်မှာ ဝင်ငွေအပိုရှာနိုင်တဲ့ အကြံကောင်းတစ်ခုပဲနော်။

ကန်ဒေါ်လာ (၅၃၀၀) တန်ဖိုးရှိ တစ်သျှူး

The Tonight Show မှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး Scarlett Johansson အသုံးပြုခဲ့တဲ့ တစ်သျှူးကလည်း လေလံတင်ရောင်းချခြင်း ခံခဲ့ရပါတယ်။ သူမရဲ့ ချွဲသလိပ်တွေနဲ့ တစ်သျှူးကို ပလတ်စတစ်အိတ်ထဲထည့်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ (၅၃၀၀) တောင် ရရှိခဲ့ပါတယ်။ ဘယ်လိုလူမျိုးကများ ဒီလိုသုံးပြီးသား တစ်သျှူးကို ဝယ်လဲဆိုတာ စဉ်းစားစရာပါပဲ။

$530 တန် လေ

လေကို ဘူးထဲထည့်ရောင်းတယ်ဆိုတဲ့ ကိစ္စကတော့ ကြားရသူတိုင်းကို အံ့သြနပန်းကြီးသွားစေမှာပါ။ ဒါပေမယ့် အဲ့ဒီဘူးထဲမှာ Angelina Jolie နဲ့ Brad Pitt ရဲ့ လေတွေသာပါမယ်ဆိုရင်ရော ဘယ်လိုဖြစ်နိုင်မလဲ? သတင်းထောက်တစ်ယောက်ကတော့ Red Carpet ကိုလာတဲ့ ဘရတ်ပစ်တို့ စုံတွဲကို microphone တွေပေးရမယ့်အစား ဘူးတစ်ဘူးစီပေးခဲ့တာကြောင့် ဆယ်လီတွေရဲ့လေဟာ ဘူုးထဲကို ရောက်ပြီးသားဖြစ်သွားပါတယ်။ အဲ့ဒီဘူးကို အမေရိကန်ဒေါ်လာ (၅၃၀) နဲ လေလံပွဲမှာ ရောင်းချခဲ့ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။