သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ပိုမိုကျယ်ပြန့်လာစေမယ့် မှားယွင်းတဲ့ အလှအပဆိုင်ရာနည်လမ်းများ

Posted on - Feb 10 []

Rowena

စာရေးသူ

အဆီတွေ၊ မျက်နှာပေါ်က ဆဲလ်အသေတွေနဲ့ ဘတ်တီးရီးယားတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ကျယ်ပြန့်လာစေပါတယ်။ မျက်နှာအရေပြားကို သေသေချာချာ ဂရုစိုက်နေပေမယ့် တစ်ခါတစ်လေမှာ လိုအပ်တာထက် အလွန်အကျွံဖြစ်တတ်တာလည်း ရှိပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်နေတဲ့ အလှအပ လုပ်ရိုးလုပ်စဉ်တွေက တစ်ခါတစ်လေမှာ မှားယွင်းနေတတ်ပါတယ်။

၁. အဆီစုပ်စက္ကူများကို မကြာခဏအသုံးပြုခြင်း

အဆီစုပ်စက္ကူတွေက အရမ်းပူတဲ့နေ့မျိုးတွေမှာ ကျွန်ုပ်တို့ အရေပြားပေါ်က အဆီပိုနဲ့ ချွေးတွေကို သက်သာသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော်လည်း အဆီစုပ်စက္ကူတွေကို ခဏခဏ အသုံးပြုရင်တော့ ကျွန်ုပ်တို့ရဲ့ အရေးအပြားအတွက် မကောင်းနိုင်ပါဘူး။ တကယ်တော့ မျက်နှာပေါ်က အဆီအလွှာပါးပါးလေးက ကျွန်ုပ်တို့အတွက် လိုကိုလိုအပ်ပါတယ်။ အဲ့အဆီတွေကို အဆက်မပြတ် ဖယ်ထုတ်နေမယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ အရေပြားက အဆီတွေကို ပိုပြီးထွက်နေမှာပါပဲ။ အဲ့ဒီကနေတဆင့် မျက်နှာပေါ်က ချွေးပေါက်တွေက တစ်စထက်တစ်စ ကြီးလာနိုင်ပါတယ်။

၂. မျက်နှာပေါ်က ဝက်ခြံနဲ့ အဆီဖုတွေကို ညှစ်ထုတ်ခြင်း

မျက်နှာပေါ်မှာ ပြူထွက်နေတဲ့ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်တာ တခဏတော့ စိတ်ကျေနပ်စရာပါပဲ။ ဒါပေမယ့် အဲ့ဒါက လုံးဝမကောင်းတဲ့ အကျင့်တစ်ခုပါ။ ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ဘက်တီးရီးယားများရှိနေပြီး ဝက်ခြံပေါက်ခြင်းက အဲ့ဒီဘက်တီးရီးယားများကိုအနာဖြစ်စေတာပါပဲ။ အဆံထွက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဝက်ခြံတွေကို ညှစ်ထုတ်ခြင်းက သင့်ရဲ့ အရေပြားထဲကို ဘတ်တီးရီးယားများ ဝင်ခွင့်ပေးလိုက်သလိုပါပဲ။ ဝက်ခြံညှစ်ခြင်းက အရေပြားကို ပိုမိုယားယံစေပြီး ချွေးပေါက်ကျယ်ခြင်းနဲ့ အမာရွတ်ဖြစ်ခြင်းသာ အဖတ်တင်ပါလိမ့်မယ်။

၃. ဆဲလ်သေ၊ ဆဲလ်ဟောင်းများကို ခဏခဏ ဖယ်ထုတ်ခြင်း

Exfoliating ဆိုတာ ကျွန်ုပ်တို့ မျက်နှာပေါ်က အဆီပိုတွေကို ပိတ်ဆို့နေတဲ့ ဆဲလ်သေ၊ ဆဲလ်ဟောင်းများကို ဖယ်ထုတ်ခြင်းပါပဲ။ ဒါကတော့ ကျွန်ုပ်တို့ မျက်နှာပေါ်က ချွေးပေါက်တွေကို သေးငယ်သွားစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းပါပဲ။ သို့သော်လည်း Exfoliating ကို တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ လုပ်သင့်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းများကို ခဏခဏ ဖယ်ထုတ်ခြင်းက ပတ်ဝန်းကျင်က ဖုန်တွေကို စုပ်ယူမယ့် ကျွန်ုပ်တို့အရေပြားကို ခြောက်သွေ့သွားစေနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့မှာ နှစ်ကြိမ်ထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း သဘာဝအဆီလွှာတွေကို ပျောက်သွားစေနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကျွန်ုပ်တို့ရဲ့ အသားအရည်က ဖုန်နဲ့ အညစ်အကြေးတွေကို ခံနိုင်ရည်မရှိတော့ပဲ ဝက်ခြံတွေ ဖြစ်ပွားစေနိုင်ပါတယ်။

၎. မျက်နှာအရေပြားကို ခြောက်သွေ့စေခြင်း

ခြောက်သွေ့တဲ့ အရေပြားက အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပြီး သင့်ကို ရှိရင်းစွဲအသက်ထက် ပိုမိုအိုမင်းစေနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း ပိုမိုကျယ်ပြန့်လာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် အရေပြားခြောက်သွေ့တယ်ဆိုတာက သင့်အရေပြားမှာ ချွေးပေါက်တွေ ဖြစ်ပေါ်စေရုံသာမက သင့်ကိုပါ အိုမင်းရင့်ရော်စေပါတယ်။ သင့်အသားအရည်နဲ့ ကိုက်ညီတဲ့ tonic water၊ moisturizer တွေကို နေ့စဉ်မှန်မှန် အသုံးပြုရင်တော့ အရေပြားခြောက်သွေ့စေတာကို အလွယ်တကူ တားဆီးနိုင်ပါတယ်။

၅. ချွေးပေါက်ပိတ်ဆို့စေတဲ့ အလှကုန်တွေကို အသုံးပြုခြင်း

မျက်နှာအရေပြားအတွက် နာမည်ကြီးတဲ့ ပစ္စည်းတွေ မျိုးစုံရှိပေမယ့် အဲ့ဒါတွေက သင့်မျက်နှာနဲ့ အသုံးမတည့်တာတွေလည်း ရှိပါတယ်။ Cocoa butter, coconut oil, and lanolin cream တွေက သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ သဘာဝပစ္စည်းတွေပါပဲ။ ဒီပစ္စည်းတွေက သင့်ရဲ့ အသားအရည်ကို အစိုဓာတ်ရရှိစေမယ်ဆိုပေမယ့် ချွေးပေါက်တွေထဲမှာရှိတဲ့ အညစ်အကြေးတွေကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ အဲ့ဒီတော့ အဲ့ဒီပစ္စည်းတွေကို မျက်နှာအစား ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုပြီး မျက်နှာအတွက်ကိုတော့ အခြားကောင်းတဲ့ ပစ္စည်းတစ်ခုခုကို ရှာသင့်ပါတယ်။

၆. မကြာခဏ မိတ်ကပ်လိမ်းခြင်း

တစ်နေ့တာအတွင်းမှာ သင့်ရဲ့ မိတ်ကပ်ကို သဘာဝကျကျနဲ့ လှနေစေဖို့က လိုအပ်ပါတယ်။ ဒါပေမယ့် လိမ်းပြီးသားမိတ်ကပ်ကို ပေါင်ဒါမှုန့်တွေနဲ့ ခဏခဏ Touch Up လုပ်ခြင်းက မျက်နှာပေါ်က အဆီတွေကို မိတ်ကပ်တွေနဲ့ ညစ်ပတ်သွားစေနိုင်ပါတယ်။ ဒါကသင့်အရေအပြားကို ဝက်ခြံတွေဖြစ်လာစေမှာ ဧကန်မုချပါပဲ။

၇. ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးတဲ့ အစားအစာတွေကို စားသုံးခြင်း

နို့ထွက်ပစ္စည်းတွေ၊ အရက်သေစာ၊ အချိုဓာတ်လွန်ကဲစွာပါဝင်တဲ့ အစားအစာ၊ အစပ်တွေနဲ့ ဆီကြော်တွေဟာ သင့်ရဲ့ အရေပြားကို ကောင်းကျိုးမပေးစေပါဘူး။ ဒီအစားအစာတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို ယောင်ယမ်းစေပြီး သင့်ရဲ့ အသားအရည်ကို ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။ ဝက်ခြံတွေက သင့်ရဲ့ အဆီဂလင်းတွေနဲ့ မွှေးညှင်းပေါက်တွေကို ပိုမိုကြီးမားလာစေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကောင်းမွန်တဲ့ အစားအသောက်တွေကို သေချာစားသောက်ခြင်းက သင်နဲ့ သင့်မျက်နှာအသားအရည်ကို ဂရုစိုက်ပြီးသား ဖြစ်မှာပါ။

၈. နေလောင်ဒဏ်ကာပစ္စည်းတွေကို အသုံးမပြုခြင်း

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကလည်း သင့်ရဲ့အရေပြားကို နည်းလမ်းပေါင်းစုံနဲ့ အန္တရာယ်ဖြစ်စေတာပါပဲ။ နေရောင်ခြည်က အရေပြားမှာရှိတဲ့ ollagen, elastin နှင့်ရေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ထဲက တစ်ရှူးတွေကိုကျုံ့စေပါတယ်။ အဲ့ဒီအခါ သင့်ရဲ့ ချွေးပေါက်တွေက ကျယ်ပြန့်လာပြီး အသားအရည်ကို လျော့ရွဲစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်ုပ်တို့က နေလောင်ဒဏ်ကာပစ္စည်းတွေကို သုံးကိုသုံးသင့်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။