Online Shop ကို ယုံကြည်မိလို့ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရသူများ

Posted on - Feb 11 []

Rowena

စာရေးသူ

ခေတ်မှီလာတဲ့ကာလမှာ ကျွန်ုပ်တို့က အရာအားလုံးကို အင်တာနက်ကနေ အလွယ်တကူ သိနိုင်၊ မြင်နိုင်၊ ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အတူ ဈေးဝယ်ခြင်းကိစ္စတွေကိုလည်း အင်တာနက်ကို အသုံးပြုပြီး နေအိမ်ကနေ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ ဈေးဝယ်ခြင်းက ကိုယ့်မျက်စိနဲ့ မျက်မြင်မတွေ့ရတာမို့ အနည်းနဲ့ အများတော့ လွဲချောမှုတွေ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် Online Shop ကို ယုံကြည်မိလို့ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရသူများကို ဖော်ပြပေးလိုက်ပါတယ်။

အထုတ်မှာပြထားတာတော့ အကောင်းပဲ။ မျက်နှာက ကပ်ကြည့်မှ ဂွမ်းရော

မှာလိုက်တာတော့ ကိုယ့်အတွက်လက်စွပ်ပဲ။ ရောက်လာတော့ ကိုယ့်အိမ်မှာ မွေးထားတဲ့ ဟမ်းစတားတောင် စွပ်လို့ရပါ့မလား မသိ။

ဆိုဒ်က သိပ်မကွာပါဘူး။

ကလေးထိုင်ခုံဆိုလည်း ကလေးထိုင်ခုံပါလို့ ရေးထားသင့်တာလေနော်။

ဝိတ်ချနေလို့ အစားသိပ်မစားဘူးဆိုတဲ့လူတွေအတွက် ဒယ်အိုးကောင်းပဲ

ဒီမျက်နှာဖုံးသာစွပ်ထားရင် ဘေးနားကလူတွေကတော့ လန့်ဖြတ်ကြကုန်မှာပဲ။

ရေသူမလေး အေရီရယ်ရေ.. ဘယ်လိုဖြစ်ရတာလဲကွယ်

ခပ်ဆင်ဆင်ပါပဲ။

မမှာခင် ကိုယ့်ဆိုဒ်ကို သေသေချာချာကြည့်ပါ။

လူအတွက် ရွက်ဖျင်တဲ့လား? ဘာအတွက်လားတောင် မသိတော့ဘူး။

မှာလိုက်တာတော့ ကိုယ့်အတွက် ကျောပိုးအိတ်။ ကွက်တိဖြစ်နေတာက အိမ်ကမွေးထားတဲ့ကြောင်နဲ့

တော်ဝင်မင်းသား Harry နဲ့ Meghan တို့သာမြင်ရင် ရင်ကွဲမှာပဲ။

ပုံထဲမှာ အညွှန်းစာတိတိကျကျရေးသားပြီး ရောင်းတဲ့ Online Shop တွေရှိသလို၊ တချို့ Online Shop တွေကလည်း သိသိရဲ့နဲ့ အမြတ်လိုချင်တာပဲသိပြီး ဝယ်သူကို ဂျင်းထည့်ကြပါတယ်။ အဲ့ဒီအခါမှာတော့ ရယ်ရမလို၊ ငိုရမလိုဖြစ်တဲ့ အဖြစ်မျိုး ပရိသတ်ကြီးလည်း ကြုံဖူးကြမယ် ထင်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။