ရုပ်ရှင်ရိုက်ရင်း ဖူးစာဆုံခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီစုံတွဲ(၅)တွဲ

Posted on - Feb 11 []

Rowena

စာရေးသူ

မင်းသား ၊ မင်းသမီးတွေလည်း ရုပ်ရှင်တွေရိုက်လာတာကြာတော့ အနေနီးစပ်ပြီး သံယောဇဉ်တွေတွယ်ငြိကုန်ကြတယ် ထင်ပါရဲ့ ။ ဒါပဲပေါ့ ... အချစ်ဆိုတာမျိုးက ဖန်တီးယူပြီးချစ်လို့ မှ မရတာပဲလေ။ ဆယ်လီဘရစ်တွေလည်း ဇာတ်ကားတွေကို ရက်ရှည်များစွာရိုက်ကူးလာပြီး အချိန်အတိုင်းအတာတစ်ခုရောက်လာတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေခိုင်မြဲလာပြီး လက်တွဲကြတာမျိုးတွေရှိပါတယ်။ ရုပ်ရှင်ရိုက်ရင်း ဖူးစာဆုံပြီး ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ဆယ်လီဘရစ်တီစုံတွဲ(၅)တွဲကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ryan Gosling နဲ့ Rachel McAdams

Ryan Gosling နဲ့ Rachel McAdams တို့ဟာ နာမည်ကျော် The Notebook အချစ်ဇာတ်ကားကြီးရိုက်ကူးရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။(အခုအချိန်မှာတော့ နှစ်ဦးသဘောတူ ပြတ်စဲခဲ့ပြီဖြစ်ပြီး လက်တွဲဖော်ကိုယ်စီနဲ့ ပျော်ပျော်ရွှ့င်ရွှင်နေထိုင်နေကြတာ တွေ့ ရပါတယ်)

Andrew Garfield နဲ့ Emma Stone

Andrew Garfield နဲ့ Emma Stone တို့ဟာ Amazing Spiderman 2 ရိုက်ကူးရင်း ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။(အခုအချိန်မှာတော့ နှစ်ဦးသဘောတူ ပြတ်စဲခဲ့ပြီဖြစ်ပါတယ်)

Dev Patel နဲ့ Freida Pinto

Dev Patel နဲ့ Freida Pinto တို့ဟာ အော်စကာ (၈) ဆုရခဲ့တဲ့ Slumdog Millionaire ဇာတ်ကားကြီးကို အတူတူရိုက်ကူးခဲ့ရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။(အခုအချိန်မှာတော့ နှစ်ဦးသဘောတူ ပြတ်စဲခဲ့ပြီဖြစ်ပါတယ်)

Brad Pitt နဲ့ Angelina Jolie

Brad Pitt နဲ့ Angelina Jolie တို့ဟာ နာမည်ကျော် Mr. & Mrs. Smith ရုပ်ရှင်ကားရိုက်ကူးရင်း ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။(အခုအချိန်မှာတော့ နှစ်ဦးသဘောတူ ပြတ်စဲခဲ့ပြီဖြစ်ပါတယ်)

Drew Barrymore နဲ့ Justin Long

Drew Barrymore နဲ့ Justin Long တို့ ဟာ Going the Distance ဇာတ်ကားရိုက်ကူးရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။(အခုအချိန်မှာတော့ နှစ်ဦးသဘောတူ ပြတ်စဲခဲ့ပြီဖြစ်ပါတယ်)

Kid
Ref : Mirror.UK

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။