အစားအသောက်တွေအပြင် ရေခဲသေတ္တာထဲ ထည့်ကိုထည့်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ

Posted on - Feb 12 []

Rowena

စာရေးသူ

ရေခဲသေတ္တာဆိုတာ အစားအသောက်တွေကိုပဲ ထည့်ပြီး သိမ်းသင့်တဲ့နေရာ မဟုတ်ပါဘူး။ အရာအားလုံးကို လတ်လတ်ဆတ်ဆတ် ထိန်းသိမ်းထားရန်နှင့် ထုတ်ကုန်များစွာ၏ သက်တမ်းကို တိုးမြှင့်ရန် ရေခဲသေတ္တာထက် ပိုကောင်းသောအရာမရှိပါဘူး။ အိမ်သုံးပစ္စည်းများမှ အလှကုန်ပစ္စည်းများအထိ သင့်အိမ်က ရေခဲသေတ္တာအတွင်း၌ သိုလှောင်ထားသည့်အခါ ပိုမိုကောင်းမွန်သောပစ္စည်းအချို့ရှိပါသည်။

၁. ခေါင်းအုံးစွပ်များ

အလွန်အမင်း ပူပြင်းတဲ့ နွေရာသီလို အချိန်မျိုးမှာ သင့်ရဲ့ခေါင်းအုံးစွပ်ကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ အိပ်ချိန်မှာ ထိုခေါင်းအုံးစွပ်ကို ထုတ်ပြီးအသုံးပြုခြင်းဖြင့် သင့်ကို လန်းလန်းဆန်းဆန်းနဲ့ ပိုပြီး အိပ်လို့ကောင်းစေမှာပါ။

၂. အလှကုန်ပစ္စည်းများ

လက်သည်းနီ၊ နှုတ်ခမ်းနီ၊ မိတ်ကပ်ရည် အစရှိတဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ရေခဲသေတ္တာထဲမှာ အအေးခံသိမ်းထားခြင်းဖြင့် ပျက်စီးမှုနည်းစေပါတယ်။ ဒါ့အပြင် အလှကုန်များကို ရေခဲသေတ္တာထဲထည့်ခြင်းက သူတို့၏အဆီများကို နဂိုအတိုင်းထိန်းသိမ်းထားမည်ဖြစ်သောကြောင့် အလှကုန်တွေရဲ့ သက်တမ်းကို သက်တမ်းရှည်ကြစေနိုင်ပါတယ်။

၃. Eyeliner

Pencil Eyeliner တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းအားခြင်းဖြင့် ၎င်းတို့ကို ချွန်စက်နဲ့ချွန်တဲ့အခါ အလွယ်တကူ မကျိုးစေပါဘူး။

၎. Eye cream

Eye cream တွေကို အေးမြတဲ့နေရာမှာ သိမ်းထားခြင်းအားဖြင့် သူတို့ရဲ့ ဂုဏ်သတ္တိကို တိုးမြှင့်စေပါတယ်။ အေးမြတဲ့ Eye cream ကို အသုံးပြုခြင်းက သင့်ရဲ့မျက်ဝန်းတစ်ဝိုက်က အညိုအမဲတွေကို ပိုမိုသက်သာစေရုံသာမက နီမြန်းခြင်းတွေကို ပိုမိုလျှော့ချစေနိုင်ပါတယ်။

၅. သတ္တုနဲ့ ပြုလုပ်ထားတဲ့ အိုးခွက်ပန်းကန်များ နဲ့ ကြက်ဥမွှေတံလိုပစ္စည်းမျိုး

ပြီးပြည့်စုံတဲ့ whipped cream ကောင်းကောင်းတစ်ခုကို လိုချင်တယ်ဆိုရင်တော့ သင်က အသုံးပြုမယ့် ပစ္စည်းကိရိယာတွေကို ရေခဲသေတ္တာထဲ ကြိုတင်ထည့်ထားသင့်ပါတယ်။ အပူချိန်က မိမိလုပ်မယ့် whipped cream အပေါ် အများကြီး မူတည်နေတာကြောင့် အေးနေတဲ့ ပစ္စည်းကိရိယာတွေက အများကြီး အထောက်အကူပြုပါတယ်။

၆. ဓာတ်ပုံဖလင်များ

ပူနွေးတဲ့ အပူချိန်နဲ့ဆို ဓာတ်ပုံဖလင်တွေက ပျက်စီးမှု ပိုမြန်စေပါတယ်။ ဓာတ်ပုံဖလင်တွေရဲ့ သက်တမ်းကို ရှည်ကြာစွာထားချင်ရင်တော့ ၎င်းတို့ကို ရေခဲ့သေတ္တာထဲမှာ သိမ်းထားသင့်ပါတယ်။

၇. ချိတ်ပိတ်ထားတဲ့ စာအိတ်များ

ချိတ်ပိတ်ထားတဲ့ စာအိတ်တွေကို ရေခဲသေတ္တာထဲ နာရီအနည်းငယ်ခန့် ထည့်ထားပေးရင်တော့ စာရွက်ကို မပျက်စီးစေပဲ စာအိတ်ဖွင့်ရ လွယ်ကူစေပါတယ်။

၈. ရိုးတံဖြတ်ထားတဲ့ ပန်းများ

ရိုးတံဖြတ်ထားတဲ့ ပန်းတွေကို ကြာရှည်စွာခံစေချင်ရင်တော့ ၎င်းတို့ကို ရေခဲသေတ္တာထဲ ထည့်ထားသင့်ပါတယ်။ အဲ့လို ထည့်ထားခြင်းအားဖြင့် သင့်ရဲ့ ပန်းတွေကို ဝယ်လာခါစအချိန်တုန်းကအတိုင်း လတ်ဆတ်နေစေမှာ ဖြစ်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။