သင့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီးကြီးတယ်လို့ ထင်ရစေတဲ့ လွဲမှားနေတဲ့ ဖက်ရှင်များ

Posted on - Feb 12 []

Rowena

စာရေးသူ

အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အများရဲ့အမြင်မှာ ကိုယ့်ကိုကိုယ် ကြည့်ကောင်းနေစေချင်တာ ဧကန်မုချပါပဲ။ ရုပ်ရည်က အရာရာတိုင်းမှာ အရေးမပါဘူးဆိုပေမယ့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံက အများသူရဲ့ first impression ကောင်းကောင်းကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် အလွန်အကျွံတွေ ပြင်ဆင်မိရင်တော့ ကိုယ့်ရဲ့ အရည်အသွေးကို ပိုမို မှေးမှိန်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အချို့သော ဖက်ရှင်အယူအဆတွေကလည်း သင့်ကို ရှိရင်းစွဲအသက်ထက် ပိုမို အိုမင်းတယ်လို့ ထင်ရစေနိုင်ပါတယ်။

နက်လွန်း၊ ဝါလွန်း၊ တောက်လွန်းတဲ့ ဆံပင်အရောင်များ

အရောင်မှောင်မိုက်လွန်းတဲ့ ဆံပင်တွေက သင့်ရဲ့အသက်အရွယ်နှင့် အခြားဆက်စပ်သောအပြောင်းအလဲများကို မီးမောင်းထိုးပြသည့် အရိပ်များကို ဖြစ်စေပါတယ်။ အဝါရောင်ထွက်တဲ့ထိ ချွတ်ထားတဲ့ဆံပင်တွေက သင့်ရဲ့ ဆံသားကို လောင်ကျွမ်း ပျက်ခြင်းစေနိုင်ပါတယ်။ တကယ်လို့ သင်က ဆံပင်အရောင်တစ်ခုခုကို ဆိုးချင်တယ်ဆိုရင်တော့ သင့်ရဲ့ မွေးရာပါဆံပင်အောက် နှစ်ဆင့်နိမ့်တဲ့ မျက်စိအေးတဲ့အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။

အလွန်အကျွံ ပြင်ဆင်ထားတာ

ကျွန်ုပ်တို့သည် စတိုင်ကျပြီး ခေတ်ဆန်သောပုံစံကို ရဖို့ကြိုးစားတဲ့အခါ တစ်ခါတစ်ရံမှာ လုံးဝဆန့်ကျင်ဘက်ရလဒ်ကိုဖြစ်ပေါ်စေတဲ့ အသေးစိတ်တိုင်းကအစ သတိထားသင့်ပါတယ်။ ဒီဘက်ခေတ်မှာ အပြင်အဆင်တွေကို အလွန်အကျွံလုပ်တာ ခေတ်နောက်ကျနေပါပြီ။

ပြောင်ချောချော အသားရှိတဲ့ ဖိနပ်တွေ

လယ်သာဖိနပ်လို ပြောင်ချောချောရှိတဲ့အရာတွေက သင့်ကို စမတ်မကျစေနိုင်ပါဘူး။ ဒီလို ပြောင်ချောချောအသားရှိတဲ့ ဖိနပ်တွေကို စီးနင်းထားတာကြောင့် သင်ဟာခေတ်မမှီပဲ အသက်ကြီးတဲ့ အသွင်အပြင်မျိုးကိုသာ ရရှိတတ်ပါတယ်။

စနစ်တကျ ပုံသွင်းထားတဲ့ ဆံပင်ပုံစံများ

ဆံပင်စတိုင်လ် ကောင်းကောင်းတစ်ခုကို ရရှိဖို့ ဆံပင်ပုံသွင်းတယ်ဆိုတာ မှန်တယ်ဆိုပေမယ့် အလွန်အကျွံဖြစ်သွားရင်တော့ ဂွမ်းသွားစေနိုင်ပါတယ်။ ဆံပင်လေးကို ခပ်ဖွာဖွာလုပ်ခြင်းက သင့်ကို ငယ်ရွယ်တဲ့ အသွင်အပြင်ကို ရရှိစေမှာပါ။

ဈေးပေါမှန်းသိသာလွန်းတဲ့ လက်ဝက်ရတနာများ

ပလတ်စတစ် နားကပ်၊ လက်စွပ်၊ လည်ဆွဲ နဲ့ ရောင်စုံဆွဲကြိုးတွေဆိုတာ ဆယ်ကျော်သက်တွေနဲ့ ကျောင်းသူပေါက်စတွေ ဝတ်ဆင်ရင်သာ ကြည့်ကောင်းပါတယ်။ ကိုယ့်အရွယ်နဲ့ မလိုက်ဖက်တဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ခြင်းက သင့်ကို အပေါစားဆန်စေပြီး အသက်ကြီးတဲ့ပုံပေါ်စေပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။